နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၅
ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်မြန်မာနိုင်ငံတွင်အပျော့စား ငလျင်၉ခု လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနက သတင်းထုတ်ပြန်ထားသည်။
ငလျင်မှာမပြင်းထန်သော်လည်း ပြင်းအား ၁.၇ မှ ၄.၃ အထိလှုပ်ခတ်ခဲ့ကြောင်းထိုင်းမိုးလေဝသဌာနထုတ်ပြန်ချက်ကိုကိုးကားပြီး ထိုင်းမီဒီယာတချို့က ယနေ့ဇွန်လ၂၇ ရက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင် သောကြာနေ့ညမှ နံနက်အထိ အပျော့စားငလျင် ၉ ကြိမ်အထိလှုပ်ခတ်ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သသည်ဟုထိုင်းမိုးလေဝသဌာနမှပြောဆိုသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းတွက် ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီး၎င်းငလျင်များမှာ ချင်းရိုင်ခရိုင်နှင့် မယ်ဟောင်ဆောင် ခရိုင်တို့တွင်ဖြစ်ကြောင်း ထိုင်း မြေငလျင်စောင့်ကြည့်ရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ပထမ ငလျင်သည် သောကြာနေ့ နံနက် ၂ နာရီ ၀၆ မိနစ်တွင် မယ်ဟောင်ဆောင်ခရိုင်၊ ပန်မာဖာခရိုင်၊ ထမ်လော့ခရိုင်ခွဲတွင် ပြင်းအား ၂ ဒသမ ၄ နှင့် အနက် ၁ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်။
ဒုတိယ ငလျင်သည် ချင်းရိုင်ဒေသ၊ Wiang Pao ခရိုင်၊ San Sali ခရိုင်ခွဲတွင် သောကြာနေ့နံနက် ၂ နာရီ ၄၆ မိနစ်တွင် ပြင်းအား ရစ်ခ်ျတာစကေး ၂ ဒသမ ၀ နှင့် အနက် ၂ ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့သည်။
မြန်မာနိုင်ငံတွင်လည်းသောကြာနေ့နံနက်နံနက် ၃ နာရီ ၅၈ မိနစ်တွင် ပြင်းအား ၄.၃ နှင့် အနက် ၁၀ ကီလိုမီတာရှိသည့်အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည်ဟု The Nation တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်အပါအဝင်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနှင့်မန္တလေးမြို့အနီးကို ဗဟိုပြု၍ ရစ်ချက်တာစကေး ၇.၇နှင့် ၇.၉ကြား အပြင်းထန်ဆုံးငလျင်လှုပ်ခတ်ခဲ့သည်။
သတင်းပေးပို့သည့်အချိန်အထိ ထိုင်းနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုသတင်းများ မရှိသေးကြောင်း သတင်းများတွင်ဆက်လက်ဖော်ပြကြသည်။