နိရဥ္ဇရာ၊ ဇူလိုင် ၄ /၂၀၂၅
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတိုက်လေယာဉ်ကို ပစ်ချခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းနှင့်အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDFကဇူလိုင် ၄ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၅ခုနှစ်၊ဇူလိုင်လ (၂) ရက်နေ့နံနက် (၁)နာရီအချိန်ခန့်တွင်ဖားဆောင်မြို့တိုက်ပွဲအတွင်းသို့ဗုံးကြဲတိုက်ခိုက်ရန်ပျံသန်းဝင်ရောက်လာခဲ့သောစစ်ကောင်စီ၏ဂျက်လေယာဉ် (၄)စင်းအားကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များမှတန်ပြန်တိုက်ခိုက်ခဲ့ရာFTC-2000G အမျိုးအစားတိုက်လေယာဉ်တစ်စင်းကိုပစ်ချနိုင်ခဲ့ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDFမှထုတ်ပြန်ထားသည်။
တပ်ပေါင်းစုံမှတိုက်ခိုက်ခဲ့၍ပျက်ကျခဲ့သောအထက်ပါစစ်ကောင်စီ၏တိုက်လေယာဉ်အားဇူလိုင်လ (၃) ရက်နေ့မွန်းလွဲ (၂)နာရီအချိန်တွင်ဖားဆောင်းမြို့နယ်တွင်းတစ်နေရာ၌ရှာဖွေတွေ့ရှိခဲ့သည့်ခဲ့သည်ဟု ဆိုသည်။
လက်ရှိတော်လှန်ရေးတွင်ကရင်နီတပ်ပေါင်းစုကပစ်ချနိုင်ခဲ့သည့်စစ်တပ်တိုက်လေယာဥ်နှင့်ရဟတ်ယာဥ်၄စီးအထိရှိလာပြီဖြစ်ကြောင်းသတင်းမှတ်တမ်းများအရသိရသည်။
၂၀၂၃ဇွန်လ၃၀ရက်နေ့တွင်မယ့်စဲမြို့နယ်ရွာသစ်မြို့အနီး၌စစ်တပ်၏K-8W အပေါ့စား တိုက်လေယာဥ်ကိုကရင်နီတပ်ပေါင်းစုများကပစ်ချခဲ့ပြီး၂၀၂၃နိုဝင်ဘာလ၁၁ရက်နေ့ကလည်းK-8W အပေါ့စားတိုက်လေယာဥ်တစ်စင်းကိုထပ်မံပစ်ချခဲ့နိုင်ခဲ့ကာတိုက်လေယာဥ်မောင်း၁ဦးကိုပါဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ထို့အပြင်အပြင်၂၀၂၄မေ၂၆ရက်နေ့ကလည်းကရင်နီတပ်ပေါင်းစုသည်ဖားဆောင်းမြို့နယ်၌ပင်စစ်ကောင်စီ၏Mi-17 ရဟတ်ယာဥ်ကိုပစ်ချခဲ့ပြီးဘောလခဲမြို့တွင်ပျက်ကျခဲ့ကြောင်းသိရသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့KIA သည်KIA ကစစ်တပ်ရဟတ်ယာဥ်နဲ့တိုက်လေယာဥ်၅စီးကိုပစ်ချထားကြောင်းသိရသည်။