Preview

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ သုခစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်

လူထက်နိုင် | ဇူလိုင် ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :574
ပြည်တွင်း သတင်း

(စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ထိုင်းဘက်သို့ထွက်ပြေးသွား)

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၈ /၂၀၂၅

ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီ၏ သုခစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ယနေ့ ဇူလိုင်လ (၈)ရက်နေ့တွင် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်‌မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ထိုင်းနိုင်ငံနယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီ၏ သုခစခန်းကို ဇူလိုင်လ(၇)ရက်တွင် တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၁၀) KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီသုခစခန်းသည် စစ်ကောင်စီတပ်သားအင်အား(၃၀)ကျော်တပ်စွဲထားပြီး စခန်းတက်သိမ်းချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ထိုင်းဘက်သို့ထွက်ပြေးသွားခဲ့ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA နှင့် PDF ပူးပေါင်းတပ်များက ဧပြီလနှင့် ဇွန်လအတွင်း ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်း၊ ထီးခီးစစ်စခန်း၊ ဗောဓိစစ်စခန်းနှင့် ငါးရံ့နီစခန်းတို့ကို သိမ်းပိုက်ခဲ့ရာ ယခု သုခစခန်း အပါအဝင် စုစုပေါင်း စစ်တပ်စခန်း ငါးခုကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်တွင် နတ်အိမ်တောင်စခန်းတစ်ခုသာ ကျန်ရှိတော့ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်သား ၅၀ ဦးခန့်သာရှိသည်ဟု သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ သုခစခန်းအား သိမ်းပိုက်ရရှိထားစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.