Preview

လေးမျက်နှာနှင့် အင်္ဂပူအစပ် တိုက်ပွဲတွင် စစ်တပ်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်ကျော်မျိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး

လူထက်နိုင် | ဇူလိုင် ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :4478
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၈ /၂၀၂၅

ဧရာဝတီတိုင်း၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်အစပ်တိုက်ပွဲအတွင်း အမှတ် ၅ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တကက-၅)မှ ဗိုလ်ကျော်မျိုးနိုင်သည် စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က နိရဉ္ဇရာသို့ ပြောဆိုသည်။

ကွင်းကောက်ဒေသ တတက(၅)မှ ဗိုလ်ကျော်မျိုးနိုင်သည် လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အစပ် ပန်းတောကြီးကျေးရွာဘက်တိုက်ပွဲတွင် ဇူလိုင် (၆) ရက်နေ့ ညဉ့် ၂ နာရီအချိန် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အဖွဲ့၏ စနိုက်ပါပစ်ခတ်မှုကြောင့် ဦးခေါင်းတည့်တည့် ထိမှန်ကာ နေရာ၌ ပွဲချင်းပြီးသေသွားကြောင်း သတင်းအထူးတပ်ဖွဲ့(ပုသိမ်)က အတည်ပြုထုတ်ပြန်ထားသည်။

ဒေသခံစစ်ရေးသတင်းအမြစ် အမျိုးသားတစ်ဦးက "ရခိုင်ကုန်း သင်္ဂြိုလ်စက်မှာ ဒီနေ့ ဇူလိုင်လ ၈ ရက်မနက် သင်္ဂြိုလ်တယ်။ နာရေးလူနည်းတယ်၊ အခုလပိုင်း ရခိုင်စစ်မျက်နှာမှာသေတဲ့ စစ်သားတွေ ဒီမှာပဲ သင်္ဂြိုလ်ကြတယ်။ အေအေနဲ့ PDF စနိုက်ပါတွေက ရခိုင်ရိုးနဲ့အစပ်မြို့တွေမှာ ဖြန့်ကြက်နေရာယူထားပြီ"ဟု ပြောသည်။

နာရေးလာရောက်သူနည်းသောကြောင့် ၎င်း၏အမျိုးသမီးက အသိမိတ်ဆွေများကို နာရေးလာရန် ဖုန်းဖြင့်ဆက်၍ ဖိတ်ကြားခဲ့ကြောင်းလည်း သိရသည်။

ဧရာဝတီတိုင်းရှိ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အကျအဆုံး နေ့တိုင်းတိုင်းလိုလိုရှိနေပြီး အလောင်းများကို ရခိုင်ကုန်းမီးသင်္ဂြိုလ်စက်တွင် ပုံမှန်သင်္ဂြိုလ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းသို့ AA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်လျက်ရှိပြီး စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.