Preview

စစ်ကိုင်းနှင့် မကွေးတိုင်းတိုက်ပွဲများအတွင်း စစ်ကောင်စီအကျဆုံးများပြီး ဗိုလ်မှူးအဆင့်ထိ ဖမ်းဆီးခံရမှုရှိ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၁၁/ ၂၀၂၅ | ကြည့်ရှုသူ :603
ပြည်တွင်း သတင်း

နိရဉ္စရာ၊ဇူလိုင်၁၁/ ၂၀၂၅

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့(PDF)များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများပြားပြီး ဗိုလ်မှူးအဆင့်ထိ ဖမ်းဆီးခံရမှုများရှိနေသည်ဟု သတင်းရရှိသည်။

စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်၊ကျောက်မြောင်းမြို့အနီးက ဟင်္သာကြီးရွာပျူစခန်းနဲ့စစ်အုပ်စုဗျူဟာကုန်းသုံးခုကိုပြည်သူ့တော်လှန်ရေးတပ်ဖွဲ့(PDF)များက ဇူလိုင်လ၄ရက်နေ့မှ ၇ရက်နေ့ထိ သုံးရက်ကြာစီးနင်းတိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ရွှေဘိုခရိုင်PDF မှသတင်းထုတ်ပြန်သည်.

၎င်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ သေဆုံးမှု သလို ဗိုလ်မှူးအဆင့်တစ်ဦးကိုပါသုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖမ်းဆီးခံရသူမှာစစ်ကောင်စီဒုတပ်ရင်းမှူးဗိုလ်မှူးချမ်းလွင်မောင်ဖြစ်ပြီးလက်နက်ခဲယမ်းအများအပြားကိုလည်းသိမ်းဆည်းရမိခဲ့သည်ဟုဓာတ်ပုံနှင့်တကွသတင်းထုတ်ပြန်သည်။

၎င်းထိုးစစ်ဆင်တိုက်ခိုက်မှုကိုရွှေဘိုနယ်ညီနောင်မဟာမိတ်တပ်ရင်းတွေဖြစ်ကြသည့်  ရွှေဘိုခရိုင်တပ်ရင်း၁၅၊၁၈၊၂၃၊၂၆၊၁၇၀၁၊၉၇၀၆၊Brave Brothers (Local PDF)၊တိုက်နယ်(၄) ရွှေဘိုကျားကြီး(ပကဖ)တို့စုပေါင်းပြီးတိုက်ခိုက်ခဲ့ကြသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အလားတူဇူလိုင်လ၉ရက်နေ့ကမကွေးတိုင်း၊မြိုင်-ပခုက္ကူလမ်းပိုင်းပေါ်ရှိစစ်ကောင်စီ  အထိုင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့၁၂ဦးကို သေနတ်၁၃လက်၊ ခဲယမ်းများနှင့်အတူစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရရှိကြောင်းနဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကဇူလိုင်၁၀ရက်နေ့ကသတင်းထုတ်ပြန်သည်။


blob


ဇူလိုင်၉ရက်နံနက်၄နာရီခွဲမှစ၍မြိုင်မြို့အရှေ့ပိုင်းရှိစီမံကိန်းရုံး၏စစ်ကောင်စီအထိုင်စခန်းအားဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီကလေကြောင်းကနေ၂ကြိမ်တိုင်တိုင်ဗုံးကြဲချတိုက်ခိုက်ခဲ့သော်လည်းညနေ၇နာရီခန့်တွင်၎င်းစခန်းအားသိမ်းပိုက်ရရှိခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ပွဲအတွင်းအရှင်ဖမ်းဆီးရမိခံရသူများမှာရဲအုပ်သောင်းထွေးစိုး၊ရဲအရာခံထွန်းမင်းဇော်၊ရဲတပ်ကြပ်ဇော်ဝင်းနိုင်၊ရဲဒုတပ်ကြပ်တင်မျိုးထွန်း၊ရဲတပ်သားဇော်နိုင်၊ရဲတပ်သားရဲရင့်အောင်၊ရဲတပ်သားသန်းတိုးအောင်၊ရဲဒုတပ်ကြပ်မင်းမင်းထွန်း၊ရဲတပ်သားမင်းမင်းဇော်၊ရဲဒုတပ်ကြပ်သက်ကိုကို၊တပ်ကြပ်ဦးထွန်း၊တပ်သားမျိုးနိုင်ဝင်းတို့ဖြစ်ကြသည်။

သိမ်းဆည်းရမိသည့်လက်နက်များအထဲတွင်G 3 ၁၀လက်၊MA 3 ၁လက်၊MA4 ၁လက်၊79 ၁လက်၊G3ဘောက်၁၅ဘောက်၊MA ဘောက်၂ဘောက်၊G3ကျည်၁၃၆တောင့်၊၅.၅၆ကျည်၃၇တောင့်၊လက်ပစ်‌ဗုံး၉လုံး၊79အဖူး၆ဖူး၊ဦးထုပ်၅လုံး၊ဖုန်း၃လုံး၊အီကွက်မန့်၇ခုနှင့်  ငွေသား၂၂သိန်းတို့ဖြစ်ကြသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ပွဲအတွင်းPDF တပ်ဖွဲ့မှရဲဘော်၁ဦးတိုင်းပြည်အတွက်အသက်ပေးဆပ်သွားခဲ့ပြီးရဲဘော်၆ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကိုပူးပေါင်းပါဝင်သောအဖွဲ့များသောမြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) ၊ဇာမဏီပြောက်ကြားတပ်ဖွဲ့၊တပ်ပေါင်းစု (Good Brother) ၊အညာဟီးရိုးလက်နက်ကြီးအဖွဲ့၊ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ကင်ဒို (ဒရုန်း) ပေါက်၊အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊Burma Revolution Ranger (BRR)၊NFTA၊Scorpion People Denfece Force၊မုံရွာခရိုင်တပ်ရင်း၈တို့ကပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်းသိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.