Preview

တောင်းခမ်း-နောင်ချိုထိုးစစ်အတွင်း စစ်ကောင်စီတပ်သားအများအပြား လက်နက်အပြည့်အစုံဖြင့် DPLA ထံ အလင်းဝင်ရောက်

လူထက်နိုင် | လွန်ခဲ့သော ၁၈ နာရီ က | ကြည့်ရှုသူ :3702
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁၄/၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းမြို့မှ နောင်ချိုထိုးစစ်အတွင်း စစ်ကောင်စီတပ်သားအများအပြားသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ဇွန်လတွင် DPLA ထံ ယခုကဲ့သို့ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် တိုက်ပွဲဝင်နေကြသော စစ်ကောင်စီတပ်သားများတွင် ပေါ်တာဆွဲခံခဲ့ရသော တပ်သားများ အများအပြားပါရှိကြောင်းလည်း DPLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုအလင်းဝင်လာသောတပ်သားများကို သူတို့၏ ဆန္ဒအလျောက် သူတို့၏နေရပ်သို့ ပြန်လည်ပို့ဆောင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။

နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများအများအပြား ထွက်ပြေးသွားကြောင်းလည်း အလင်းဝင်ရောက်လာ‌သော တပ်သားများထံမှ သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် အသက်အပိုင်းအခြားမရှိ၊ ရောဂါရှိသူများပါ အိမ်ပေါ်အထိ ဝင်ရောက်ပေါ်တာဆွဲခြင်းများလည်းရှိသဖြင့် ပြည်သူများအနေဖြင့် အပြင်အသွားအလာများကို ဂရုစိုက်ကြရန် DPLA က အသိပေးထားသည်။

နောင်ချိုမြို့နယ်နှင့် အနီးတဝိုက်တွင် DPLA အပါအဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ကြား ဇွန်လ(၂၄)ရက်နေ့မှစ၍ ယခုချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

ဓာတ်ပုံ - DPLA

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.