Preview

စစ်ကောင်စီထောင်ဝန်ထမ်းတို့၏ နှိပ်စက်မှုကြောင့် နောက်ထပ်နိုင်ငံ‌ရေး အကျဉ်းသားတစ်ဦးကျဆုံး ‎

ကြိုင်ဟိန်းလင်း | ဇူလိုင် ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :1644
ပြည်တွင်း သတင်း

ကြိုင်ဟိန်းလင်း ‎ ‎နိရဉ္စရာ၊ ဇူလိုင် ၂၅/ ၂၀၂၅ ‎

စစ်ကောင်စီ ထောင်ဝန်ထမ်းများ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် နောက်ထပ်နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ကသေဆုံးခဲ့ရကြောင်း သိရှိရသည်။ ‎

သေဆုံးသွားသူမှာ ဘားအံအကျဉ်းထောင်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၀(ည) ဖြင့်ထောင်ဒဏ်(၇)နှစ်ကျခံ‌နေရသည့် နိုင်ငံရေးအကျဥ်းသားကိုအောင်နိုင်စိုး(ကရင်လေး) ဖြစ်သည်။ ‎ ‎

သူ့အား ဘားအံထောင်ဝန်ထမ်း၃၀ခန့်မှ ဝိုင်းဝန်းရိုက်နှက်မှုကြောင့်ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) ကယမန်နေ့တွင် ထုတ်ပြန်သည်။ ‎

‎PPNM ၏ ထုတ်ပြန်ချက်တွင် " ကိုအောင်နိုင်စိုးသည် ဘားအံထောင်တွင်နိုင်ငံရေးအကျဥ်းသားများအားအဆောင်ပြောင်းရွှေ့ရာ၌ ပါမသွားပဲသက်ကြီးဆောင်ဟုခေါ်သောအသက်ကြီးအခြားအမှုများထားသည့်အဆောင်၌တစ်ဦးထဲချန်ထားခဲ့ပါသည်။ ‎

သက်ကြီးဆောင်၌ အချင်းချင်းမတော်တဆ စကားများကြရာတွင် ပါဝင်ခဲ့သည်ဟုစွပ်စွဲကာ ထောင်ဝန်ထမ်း(၃၀)ဦးရေဝန်းကျင်မှ တန်းပိတ်ချိန်တွင်ပြင်ပသို့ခေါ်ထုတ်ရိုက်နှက်ခဲ့သည်" ဟု ဖော်ပြထားသည်။ ‎ ‎

ကိုအောင်နိုင်စိုးအား သေဆုံးသွားသည့်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည့်ထောင်ဝန်ထမ်းများမှာ ‎ ‎ ‎၁။ နိုင်ငံသားကဒ်ပြားအမှတ်- ၉/စကတ(နိုင်)၀၆၄၇၆၃ ကိုင်ဆောင်သူလက်ထောက်ကြီးကြပ်ရေးမှူး ကြည်ခိုင်။ ‎ ‎၂။ နိုင်ငံသားကဒ်ပြားအမှတ်- ၁၄/ဖပန(နိုင်)၁၀၄၆၀၈ ကိုင်ဆောင်သူလက်ထောက်ကြီးကြပ်ရေးမှူး သွင်ထူး။ ‎ ‎၃။နိုင်ငံသားကဒ်ပြားအမှတ်- ၇/ဝမန(နိုင်)၀၆၁၀၃၃ ကိုင်ဆောင်သူ ဒုတိယတပ်ကြပ်စိုးသူရသိန်း ။ ‎ ‎၄။ နိုင်ငံသားကဒ်ပြားအမှတ်- ၁၂/သဃက(နိုင်)၃၃၀၅၃၇ ကိုင်ဆိုင်သူ တပ်သားကိုကိုဖြိုး။ ‎ ‎၅။ နိုင်ငံသားကဒ်ပြားအမှတ်- ၃/ဘအန(နိုင်) ၄၅၇၁၄၂ ကိုင်ဆောင်သူ တပ်သားချစ်ဦးဇော်။ ‎ ‎၆။ နိုင်ငံသားကဒ်ပြားအမှတ် - ၉/ညဥန(နိုင်)၀၀၁၀၀၈ ကိုင်ဆောင်သူ တပ်ကြပ်ကြီးဝင်းမောင်တို့ ပါဝင်ပြီး တခြားကျူးလွန်ရာတွင် ပါဝင်သူများအားလည်းထပ်မံစီစစ်ဖော်ထုတ်ပေးသွားမည်ဟု PPNM ကဆိုသည်။

ထိုသို့ ရိုက်နှက်ခံရသည့်ဒဏ်ရာများကြောင့်ကိုအောင်နိုင်စိုးကျဆုံးခြင်းကို နှလုံးရောဂါဖြင့်ကျဆုံးခြင်းဖြစ်သည်ဟုဘားအံထောင်အာဏာပိုင်များမှလိမ်လည်ထွက်ဆိုခဲ့ကြောင်းလည်း သိရှိရသည်။ ‎

‎ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ကလည်း ဘီလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်မှုဆောင် နိုင်ငံရေးအကျဉ်းသားကိုပြည့်စုံအောင် အသက် (၄၄) နှစ်မှာ  သထုံအကျဉ်းထောင်၌ကွယ်လွန်သွားခဲ့သည်ရသည်။ ‎ ‎

ထို့အပြင် ဇူလိုင် (၂၀) ရက်နေ့တွင်  ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် (၂၆) နှစ်မှာအင်းစိန်အကျဉ်းထောင်၌ ကွန်လွန်သွားခဲ့ရသည်။ ‎

\မဝတ်ရည်အောင်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများ၏ညှဉ်းပန်းနှိပ်စက်မှုကြောင့် လုံလောက်သော ဆေးကုသမှုမရဘဲသေဆုံးသွားခဲ့ရသော်လည်း ထောင်လွတ်လက်မှတ်တွင် နာတာရှည် အတက်ရောဂါဖြင့်သေဆုံးခဲ့ရသည်ဟု လိမ်လည်ရေးသားခဲ့သည်ဟုဆိုသည်။‎

ယခုနှစ်အတွင်း အကျဉ်းထောင်များတွင် ကျန်းမာရေးကြောင့် ကျဆုံးသူနိုင်ငံရေးအကျဉ်းသား အနည်းဆုံး (၁၃) ဦးထိ ရှိသည်ဟု PPNM က ဇူလိုင် ၂၀ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‎

#နိုင်ငံရေး#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.