နိရဉ္စရာ၊ ဇူလိုင် ၃၀/ ၂၀၂၅
အမှုပေါင်း ၂၁ မှုဖြင့် အလိုရှိနေသည့် ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ်၊ နာယာပါရာ ဒုက္ခသည်စခန်းမှ ဓါးပြခေါင်းဆောင် ချာဖိ (Shafi) (၂၈)နှစ် ကို လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့က ယခုလ ၂၈ ရက်နေ့က ဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးခံရသူ Shafi Prakash (ခ) Shafi သည် UN မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံက ထွက်ပြေး လာကြသော မွတ်ဆလင် ဒုက္ခသည်များ နေထိုင်ရာ နာယာပါရာ စခန်း အမှတ်(၂၆) Block-C မှDin Mohammad ၏ သားဖြစ်သည်ဟု အိုခီယားနယူးစ်တွင် သတင်းဖော်ပြထားသည်။
တနင်္လာနေ့ (ဇူလိုင် ၂၈ ရက်) ည ၁၁ နာရီအချိန်ခန့်တွင် တက်ကနက်မြို့နယ်နီလာ တိုက်နယ် နယာပါရာတွင် စခန်းအမှတ် ၂၆ အနောက်ဘက်ခြမ်းရှိ Hazir Project တောင်ခြေတွင် သတင်းအရအထူးစစ်ဆင်ရေးတစ်ရပ်ပြုလုပ်စဉ် ဖမ်းမိခဲ့သည်ဟုဆိုသည်။
ဖမ်းဆီးစဉ်အတွင်း ချာဖိအား လုယူရန် ဓါးပြများက သေနတ် ၅ ချက်ပစ်ခတ်ပြီး ဘင်္ဂလာ အထူးမှုခင်း နှိမ်နှင်းရေးတပ်ဖွဲ့ (RAB)က သုံးချက်ပြန်ပစ်ခဲ့ရသည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းထံက LG အမျိုးအစား သေနတ်၁ လက်၊ ဒေသလုပ်ပြောက်တိုသေနတ် ၂ လက်၊လက်ပစ်ဗုံး၂ လုံး၊ ဖောက်ခွဲရေးမိုင်း ၁၀ လုံး၊ ရိုင်ဖယ်ကျည် ၅၃ တောင့်၊ သေနတ်တိုကျည်တောင့် ၆ တောင့်၊ မက်သလင်းခဲ ၇၆၉ ဂရမ်တို့ကိုဖမ်းဆီးရမိကြောင်း ဇူလိုင် ၂၉ ရက်အင်္ဂါနေ့ နေ့လယ်က
ကော့စ်ဘဇာရှိ RAB 15 ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုဗိုလ်မှူးကြီး Md. Kamrul Hasan မှ အတည်ပြု ပြောကြားခဲ့သည်။
=ဓားပြရှာဖီကိုလူသတ်မှု ၂ မှု၊ ဓားပြမှု ၂ မှု၊လက်နက် ၆ မှုအပါအဝင် စုစုပေါင်း အမှု ၂၁ မှုအတွက်အလိုရှိနေသူဖြစ်ကြောင်း ၎င်းကပြောသည်။
ထိပ်တန်းအကြမ်းဖက်ဓားပြခေါင်းဆောင်ကိုဖမ်းမိရန် အမှတ်(၁၅)RAB တပ်ဖွဲ့သည် လအတော်ကြာ လျှို့ဝှက်ထောက်လှမ်းရေးနှင့် စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရသည်ဟုဆိုသည်။
၎င်း၏ ဦးဆောင်မှုအောက်တွင် ဓားပြအုပ်စုသည် စခန်းတွင်းရှိဒုက္ခသည်များနှင့် ဒေသခံဘင်္ဂါလီများကို ဓားစာခံအဖြစ် ဖမ်းဆီးကာ စခန်းအနီးရှိတောင်ကုန်းဧရိယာတစ်လျှောက်တွင်အကြမ်းဖက်နယ်မြေကို ထူထောင်ထားခဲ့သည်ဟုပြောသည်။
ဓားပြခေါင်းဆောင်Shafi Dakat ကို တက်ကနက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။