Preview

ကုလားတန်မြစ်ထဲ ခုန်ချအဆုံးစီရင်သွားသည့် စစ်ဘေးရှောင်အလောင်း ရှာတွေ့

စက်တင်ဘာ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :1848
ရခိုင် သတင်း

ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ စက်တင်ဘာ ၂၄ / ၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကုလားတန်မြစ်ထဲခုန်ချအဆုံးစီရင်သွားသည့်စစ်ဘေးရှောင်လူငယ်၏ ရုပ်အလောင်းအား ယမန်နေ့ညပိုင်းတွင်ရှာဖွေဆယ်ယူရရှိခဲ့ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်းထံမှ သိရှိ၇သည်။

ယမန်နေ့စက်တင်ဘာလ ၂၃ ရက် ၊ ည ရနာရီခွဲခန့်တွင် ကျောက်ဆိပ်ကျေးရွာအနီး ကုလားတန်မြစ်ကမ်းစပ်တွင်ရှာဖွေတွေ့ရှိခဲ့ကြောင်းလင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

"အလောင်းကို မနေ့က ညပိုင်းမှာပြန်တွေ့ပါပြီ။မနေ့ကပဲကျွန်တော်တို့ရှာနေကြတာ။ အခုပြန်တွေ့ပါပြီ" ဟု ပြောသည်။

ရှာဖွေ့တွေ့ရှိသည့်ရုပ်အလောင်းမှာယမန်နေ့စက်တင်ဘာလ ၂၂ ရက် ၊ မနက်ပိုင်းက ကုလားတန်မြစ်ထဲခုန်ချအဆုံးစီရင်သွားသည့်ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ကိုမောင်ကြီး(၂၆)နှစ်ဖြစ်သည်။

ကိုမောင်ကြီးသည်ယမန်နေ့မနက်ပိုင်းက ယိုးငူကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာကြားပုဏ္ဏားကျွန်း-ကျောက်တော်ကားလမ်းဘေးရှိ ကုလားတန်မြစ်(ကစ္ဆပနဒီမြစ်) ထဲသို့ ခုန်ချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကိုမောင်ကြီး၏ရုပ်အလောင်းအားယမန်နေ့က လင်းရောင်ခြည်ဖောင်ဒေးရှင်း ၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း၊ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးတို့က ရှာဖွေခဲ့ကြပြီးယနေ့တွင်စစ်ဘေးရှောင်လူငယ်များနှင့် လင်းရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့ကဆက်လက်ရှာဖွေရာတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုမောင်ကြီးသည်ယမန်နေ့မနက်ပိုင်းက ရေနစ်မပျောက်ဆုံးမီ သူစစ်ဘေးရှောင်နေသည့်အနီး ကျေးရွာတစ်ခုမှအုန်းသီးတစ်လုံး တောင်းယူလာသည်ကို မိသားစုဝင် တစ်ဦးက ပြစ်တင် ပြောဆို ငေါက်ငမ်းမိပြီးနောက်ကုလားတန်မြစ်ထဲဆင်းသွားကာ ရေနစ်ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ကြောင်းဒေသခံများက ပြောသည်။

စစ်ဘေးရှောင်တစ်ဦးဖြစ်သူကိုမောင်ကြီး မိမိကိုယ်ကိုယ်အဆုံးစီရင်မှုမှာ မိသားစုဝင်ထံ ပြစ်တင်ခံရမှုထက်ရခိုင်စစ်ရှောင်တို့ကြုံတွေ့ခံစားနေရသည့် စားဝတ်နေရေး အကျပ်အတည်းနှင့်စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့်ဖြစ်နိုင်ခြေများကြောင်း လူမှုကူညီရေးသမားများက ထင်ကြေးပေးပြောဆိုကြသည်။

ကိုမောင်ကြီးတို့မိသားစုမှာပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စစ်ကောင်စီနေဗီက ပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့်ပုဏ္ဏားမြို့မဈေးကြီးမီးလောင်ပြာကျသည့် အချိန်ကပင် ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်ဘေးရှောင်ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရှိ၇သည်။

ဓာတ်ပုံ-ကိုမောင်ကြီးရုပ်အလောင်းအား ရှာဖွေတွေ့ရှိစဥ် / လင်းရောင်ခြည်ဖောင်ဒေးရှင်း

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.