Preview

ဖမ်းဆီးခံရသည့် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှ လူ၂ ဦး ပြန်လည်လွတ်မြောက်

ဇွန် ၀၅/ ၂၀၁၉ | ကြည့်ရှုသူ :2451
ရခိုင် သတင်း

သိန်းဇော်(မောင်တော) | နိရဥ္စရာ၊ ဇွန် ၅/၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ စစ်တပ်က ဖမ်းဆီးခံထား၇သည့် လူ ၂ ဦး ယနေ့ ပြန်လွတ်လာသည်။

၎င်းတို့မှာ ဝေသာလီကျေးရွာမှ အောင်ကျော်နိုင် (၂၈)နှစ်နှင့် စိုးစိုးအောင် (၃၄)နှစ် တို့ဖြစ်ကြသည်။

၄င်းတို့နှစ်ဦးအား မြောက်ဦးမြို့သစ် ထမ္မရာဇ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင်ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသို့ပြောသည်။

လွတ်မြောက်လာသူ အောင်ကျော်နိုင်၏ အစ်မဖြစ်သူ ဒေါ်မသန်းနုက “သူတို့ နှစ်ယောက်ဒီနေ့ ပြန်လွတ် လာပါတယ်။ သူတို့ကို ဖမ်းသွားတာ ဒီနေ့နဲ့ဆို ၁၄ ရက်မြောက်နေ့ပါ။ သူတို့ကို အပြစ်မရှိဘူးဆိုပြီး ပြန်လွတ်ပေးလိုက်တာ လို့ပြောပါတယ်”ဟု ပြောဆိုသည်။

၎င်းတို့ ၂ ဦးတွင် စိုးစိုးအောင်မှာ မသန်စွမ်းသူဖြစ်ပြီး အောင်ကျော်နိုင်မှာ စိတ်ဝေဒနာခံစားနေရသူ ဖြစ်ကြောင်း၊ စစ်တပ်မှ လာရောက်စစ်ဆေးစဉ် ထိုသို့ မသန်စွမ်းသူများ ဖြစ်ကြောင်း မိသားစုများက တင်ပြပြီးနောက် ယခုလို ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

၄င်းတို့ ၂ ဦးမှာ မေလ ၂၂ ရက်နေ့ ဝေသာလီကျေးရွာအနီး တိုက်ပွဲဖြစ်ပွာပြီးနောက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး နှစ်ဦးလုံး ကျန်းကျန်းမာမာ အကောင်းပကတိဖြင့် ပြန်လည် လွတ်မြောက် လာသည့်အတွက် အတိုင်းမသိ ဝမ်းသာမိကြောင်း မိသားစုဝင်များကဆိုသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.