ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရခိုင်ယူနိုက်တက်အသင်း မြန်မာနယ်ရှင်နယ်လိဂ်ပွဲစဉ်ဇယားတွင် အဆင့် ၇ ဖြင့် ရပ်တည်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 5k

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ ဇွန် ၅

ရခိုင်ယူနိုက်တက်အသင်း မြန်မာနယ်ရှင်နယ်လိဂ်ပွဲစဉ်ဇယားတွင် အဆင့် ၇ ဖြင့် ရပ်တည်နေသည်ဟု ရခိုင်ယူနိုက်တက်အသင်းမှ အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုအာရီယာန်က နိရဥ္စရာသို့ပြောသည်။

"မြန်မာနယ်ရှင်နယ်လိဂ်မှာက ရခိုင်က အဆင့် ၇ မှာ ရပ်တည်ပြီးတော့ ရှမ်းက အဆင့် ၁ မှာ ရပ်တည်နေပါတယ်။ မြန်မာနယ်ရှင်နယ်လိဂ်ပွဲစဉ်အတွက် ရခိုင်က ၁၆ ရက်နေ့မှာ ရန်ကုန်နဲ့ ကန်ရမယ်။ ဒုတိယအကျော့ ပထမဦးဆုံးပွဲစဉ်ပေါ့လေ။"ဟု ကိုအာရီယာန်က ဆိုသည်။

ရခိုင်ယူနိုက်တက်အသင်းသည် မြန်မာနယ်ရှင်နယ်လိဂ်ပွဲစဉ်တွင် အသက်ကန့်သတ်ချက်မရှိဘဲ အလွတ်တန်းဝင်ရောက်ယှဉ်ပြိုင်နေစဉ် ယခုကဲ့သို့ အဆင့် (၇)ဖြင့်ရပ်တည်နေခြင်းသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ဇွန်လ ၁ ရက်နေ့ကလည်း အိမ်ကွင်းဖြစ်သည့် စစ်တွေရှိ ဝေသာလီအားကစားကွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ရှမ်းအသင်းနှင့်ယှဉ်ပြိုင်ရာ ရခိုင်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

သို့သော် မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင်ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်မရခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ