Preview

ဘူးသီးတောင်မြို့နယ်မှ ရွာသား၂ ဦး  ၅လကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လွတ်မြောက်

ဇွန် ၁၁/ ၂၀၁၉ | ကြည့်ရှုသူ :8613
ရခိုင် သတင်း

ခိုင်လူလှ | နိရဥ္စရာ၊ ဇွန်လ ၁၁ / ၂၀၁၉

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ အရပ်သား ၂ ဦးသည် ၅ လကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြစ်မှုတစ်စုံတစ်ရာ မရှိသဖြင့် မြို့နယ် တရားရုံးမှ ယနေ့  လွတ်ပေး လိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၂ ဦးမှာ ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာမှ ကိုဌေးအောင်နှင့် ကိုမောင်ကျော်ဝင်းတို့ ဖြစ်ကြသည်။

ကိုဌေးအောင်ဖခင်ဖြစ်သူက “ ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ ပြစ်မှု တစ်စုံတစ်ရာ မရှိတဲ့အတွက် ဘူးသီးတောင်မြို့နယ် တရားရုံးကနေ လွတ်ပေးလိုက်ပါတယ်။ အရမ်းဝမ်းသာမိပါတယ်။ သူတို့က အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြ၇တာပါ” ဟု ပြောကြားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်က ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ၄င်းတို့ နေအိမ်အတွင်းရှိနေစဉ် တပ်မတော်နှင့် ဘူးသီးတောင်မြို့နယ် အခြေစိုက်  အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက  မသင်္ကာမှုဖြင့် ၎င်းတို့အား ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ သူ တို့ အဖမ်းခံ၇တာက စုစုပေါင်း ၄ ယောက်ပါ။ ၄ယောက်ထဲက သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နဲ့ အလယ်ချောင်းရွာက  ဦးအောင်ထွန်းစိန်တို့ နှစ်ယောက်ကို မေလ ၂၈ ရက်နေ့က လွတ်ပေးလိုက်တယ်။ ဒီနေ့မှာ တစ်ခါ ကျန်နေခဲ့တဲ့ ဌေးအောင်နဲ့ မောင်ကျော်ဝင်း တို့ ၂ ယောက်ကို ထပ်ပြီး လွတ်ပေးလိုက်တာပါ” ဟု ဖခင် ဖြစ်သူက ပြောသည်။

၎င်းတို့အား အစပိုင်းတွင် မတရားအအသင်းအက်ဥပဒေ ပုဒ် ၁၇(၁)(၂)နဲ့ တရားစွဲခဲ့ပြီး နောက်ပိုင်းတွင်  ပုဒ်မ ၁၇(၂)ကိုဖြုတ်ပြီး ၁၇(၁)ဖြင့် အမှုဖွင့် တရားစွဲခဲ့သည်ဟု သိ၇သည်။

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.