Preview

ကျောက်တော်မြို့နယ် ဖက်ဝန်းချောင်းကျေးရွာသားတစ်ဦး မိုင်းနင်းမိပြီးဒဏ်ရာရ

ဇွန် ၁၁/ ၂၀၁၉ | ကြည့်ရှုသူ :10402
ရခိုင် သတင်း

သိန်းဇော်(မောင်တော) | စစ်တွေ၊ ၁၁/၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူချောင်းအုပ်စု၊ ဖက်ဝန်းချောင်းကျေးရွာမှ ရွာသားတစ်ဦး ယနေ့ နံနက်ပိုင်း က မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါမိုင်းနင်းမိသူမှာ ဖက်ဝန်းချောင်းကျေးရွာမှ ဦးထွီးလင်း၏သား ရဲထွန်း (၃၉)နှစ်ဖြစ်ကြောင်း သလူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

သူက “ဟုတ်ပါတယ်။ သူက ဒီနေ့မနက်ပိုင်းက တောထဲကို ဟင်းရှာ ဟင်းခူးသွားတယ်လို့သိရပါတယ်။ သွားတဲ့ အချိန်မှာ နင်းမိသွားတာလို့ သိ၇ပါတယ်” ဟုပြောသည်။

ဇွန်လ ၁၁ ရက် နံနက်ပိုင်း ၈နာရီခန့်က ရွာ၏အနောက်ဘက် တောဖျားချောင်းထဲသို့ မျှစ်ခူးရန်သွားစဉ် ထိုသို့ နင်းမိခဲ့ခြင်းဖြစ်ပြီး ညာဘက်ပေါက် ခြေသလုံးအထက် နှင့် ဘယ်ဘက်ပေါင် တို့တွင် ဒဏ်ရာများ ရရှိသွားကြောင်း ၄င်း၏လုပ်ဖော်ကိုင်ဖက်တစ်ဦး အောင်သိန်းညွန့်က ပြောသည်။

၎င်းက “ သွားတာက သူတို့လင်မယားနှစ်ယောက်သွားကြတာပါ။ သွားတဲ့အချိန်မှာ လင်က ရှေ့ကနေ သွားတယ်။ သူမိန်းမက သူနဲ့ ဝါးသုံးပြန်လောက်အကွာက လိုက်လာတာပါ။ သူ့မိန်းမတော့ ဘာမှမဖြစ်ဘူး”ဟု ၄င်းကပြောသည်။

မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားသူမှာ ခမီးတိုင်းရင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၄င်းအား ကျောက်တော်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေကြောင်း သိ၇သည်။

ဒေသခံ ဌာနေတိုင်းရင်းသားများသည် တောတောင်ကိုမှီ၍ လုပ်ကိုင်စားသောက်ကြသူများဖြစ်ကာ ထိုသို့ မကြာခဏ ဆိုသလို မိုင်းနင်းမိပြီး ဒဏ်ရာရရှိမှုများ ရှိနေကြသည့် အတွက် လုပ်ကိုင်စားသောက်ရန် စိုးရိမ် ကြောက်လန့်မှုများ ရှိနေကြောင်း ဒေသခံများကပြောသည်။

#စစ်ဒဏ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.