သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တရုတ်နိုင်ငံတောင်ပိုင်းတွင်ရေကြီး၍ ၅ ဦးသေ၊ လူထောင်ပေါင်းများစွာ ဒုက္ခရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ ဇွန်လ ၁၁/ ၂ဝ၁၉

တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနေသဖြင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ထောင်ပေါင်းများစွာ သောင်တင် ဒုက္ခရောက်နေကြောင်းနှင့်  အစိုးရမှ ၎င်းကိုယ်တိုင် အနည်းဆုံး နောက်ထပ်  ၄ ရက် မိုးကြီး နိုင်ကြောင်း ပြင်ဆင်ထားမှုကို  နိုင်ငံပိုင် မီဒီယာက သတင်းဖော်ပြသည်။

ရေကြီးမှုကြောင့် Jiangxi  ဒေသတွင် တနင်္လာနေ့ထိ စိုက်ခင်းဧက ၁ဝ၈ဝဝ ပျက်စီးပြီး ရာနှင့်ချီသော အိမ်များ ပြိုလဲပျက်စီးကုန်သည်ဟု China Daily တာဝန်ရှိသူများက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

ရေကြီးမှုကြောင့် လူပေါင်း ၁ ဒသမ ၄ သန်း ထိခိုက်ပြီး  စီးပွားရေး အရ ဆုံးရှုံးမှုမှာ အမေရိကန် ဒေါ်လာ ( ၃၈၂ ဒဿမ ၄၁ ) သန်း/ တရုတ်ယွန်း ၂ ဒဿမ ၆၅ ဘီလီယံဖိုးရှိကြောင်း သတင်းတွင် ဖော်ပြသည်။

တရုတ်ပြည်၏ အနောက်တောင်ဘက် ဒေသ တစ်ခု ဖြစ်သော Guangxi တွင် အိမ်ပေါင်း ၂ဝဝဝဝ လျှပ်စစ်မီး ပြတ်တောက်နေပြီး လမ်း၊ တံတား၊ တစ်ခြား အဆောက်အဦ အများအပြား ထိခိုက်ပျက်စီးခဲ့သည်ဟု the China Daily ဆိုသည်။

Jiangxi ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ ၆၈၈ မီလီမီတာ ( ၂၇ လက်မ) အထက် ရှိကြောင်း တရုတ်နိုင်ငံ မိုးဇလ ဗေဒက ပြောဆိုပြီး ၎င်းပမာဏမှာ Jiangxi နှင့် Hunan ဒေသတွင် ဇွန်လအတွင်း အများဆုံး မိုးရေချိန်ဖြစ်သည်ဟု ဆိုသည်။

တရုတ်အစိုးရ တာဝန်ရှိသူများက မိုးသက်မုန်တိုင်းမှာ Guangdong, Fujian, Jiangxi, Yunnan, Sichuan နှင့် Taiwan တို့ထိ ကျယ်ပြန့်စွာကျရောက်နို်င်ပြီး နောက်ရက်အနည်းငယ်အတွင်း  ပြင်းထန်သော မိုးကြိုးမုန်တိုင်များ ကျရောက်နိုင်ပြီး မြစ်ငယ်များတွင် တာတမံများကျိုးပေါက်မှု  ဖြစ်နိုင်ခြေရှိကြောင်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများကို သတိပေးထားသည်။

Source: Thousands stranded, 5 killed, as heavy rain lashes south China

ဆက်စပ် သတင်းများ