နိရဥ္စရာ၊ ဇွန်လ ၁၂/ ၂၀၁၉
ထိုင်းနိုင်ငံ တောင်ပိုင်း ကျွန်းတစ်ခုမှ သောင်တင်နေသော မြန်မာနိုင်ငံ ၇ခိုင်ပြည်နယ်ဘက်မှ လှေစီးပြေး မွတ်ဆလင် ၆၀ ကျော်ကို ဇွန်လ ၁၁ ရက် အင်္ဂါနေ့က ဖမ်းမိကြောင်း ထိုင်းနို်င်ငံ အာဏာပိုင်များက ပြောသည်။
ဖမ်းဆီးခံ၇သူများအထဲတွင် ကျား ၂၈ ဦး၊ မ ၃၁ ဦးနှင့် ကလေးငယ် ၅ ဦးတို့ ပါဝင်ပြီး ထိုင်းနို်င်ငံ တောင်ပိုင်း Satun ဒေသ Tarutao အမျိုးသား ဥယျာဉ်တည်ရှိရာ ရာဝီကျွန်းတွင် ဖမ်းမိခဲ့သည်ဟု ဆိုသည်။
များမကြာမီ လပိုင်များ အတွင် များပြားလှစွာသော ၎င်းတို့နှင့် မျိုးနွယ်တူများသည် လှေများဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်း နေကြကြောင်း၊ ယခု ဝင်ရောက်လာမှုမှာ ၂၀၁၅ ခုနှစ် နောက်ပိုင်း လူမှောင်ခို တင်ပို့မှုကို နှိမ်နှင်းပြီးနောက် ပေါ်ပေါက်လာသော ပင်လယ်ပြင်ကို ဖြတ်ပြီး မှောင်ခို ဝင်ရောက်လာမှု၏ အစိတ်အပိုင်း တစ်ခု ဖြစ်မည်ကို မလေးအာဏာပိုင်များက စိုးရိမ်ကြောက်လန့်နေကြောင်း သတင်းတွင် ဖော်ပြသည်။
Satun အစိုး၇ အာဏာပိုင်များမှ ဖမ်းမိသူများကို ကျွန်းပေါ်နေပြီး ကုန်းပေါ် အာဏာပိုင်များသို့ လွဲပြောင်းပေးမည်ဟု ဆိုသည်။
သူတို့အားလုံးမှာ သူတို့မှာ လူမှောင်ခိုသမားများ၏ သားကောင်များလား (သို့မဟုတ်) တရားမဝင် ပြောင်းရွှေ့သူများလား ဆိုသည်ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ ထိုင်းအရာရှိက ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။