Preview

မင်းပြားမြို့ ဈေးဟောင်းပိုင်းရပ်ကွက်မှ လူငယ်တစ်ဦး ရေနစ်သေဆုံး

ဇွန် ၁၂/ ၂၀၁၉ | ကြည့်ရှုသူ :6982
ရခိုင် သတင်း

ဆောင်းဇာခြည် | နိရဥ္စရာ၊ ၁၂ ∕ ၂၀၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်မှ လူငယ်တစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိ၇သည်။

သေဆုံးသွားသူမှာ ဦးမောင်သန်းထွန်းနှင့် ဒေါ်နန်းဝင်းရီတို့၏သား မောင်စိုင်းအောင်ခိုင်(၁၈ နှစ်)ဖြစ်သည်။ သူသည် ဇွန်လ ၁၁ရက်နေ့ ညနေ ၆ နာရီအချိန်တွင် သူငယ်ချင်းများနှင့်အတူ မြို့ပေါ်ရှိ စမ္ဘလေချောင်းအတွင်း ရေချိုးဆင်းကြရာ ယခုကဲ့သို့ နစ်မြုပ်သေဆုံးသွားခြင်းဖြစ်သည်။

“ ကျွန်တော့အထင်ပြောရရင် အဲဒီကောင်လေးက ရေမကူးတတ်ဘူးထင်ပါတယ်။ သူ့သူငယ်ချင်းတွေတော့ အတူတူရေချိုးပြီးလို့ တက်လာကြတာပါပဲ။ သူတော့ပါမလာဘူး။ ဒီချောင်းက နှစ်တိုင်းလိုလို မိုးရာသီရောက်ရင် လူသေတယ်။ နှစ်တိုင်းလိုလိုလည်း ပရိတ်ရွတ်တာတို့ လုပ်ပါတယ် ” ဟု ဈေးဟောင်း ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ၏ မိဘနှင့် သက်ဆိုင်ရာများပူးပေါင်းပြီး ယင်းကလေးငယ် နစ်မြုပ် ပျောက်သွားချိန်မှ စ၍  လိုက်လံရှာဖွေကြရာ ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သူ့အလောင်းအား အဆိုပါ ချောင်းအတွင်း တွေ့ရှိခဲ့ကြောင်း သိ၇သည်။

"ရဲတပ်ဖွဲ့တွေနဲ့ ရှာကြတော့ အလောင်းကိုတွေ့ပါတယ်။ သူ့သူငယ်ချင်းတွေနဲ့  ရေဆော့ရင်း နစ်တာလို့ ပြောပါတယ်” ဟု မင်းပြားမြို့ရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ဆက်သွယ်တိုင်ကြားထားပြီး အလောင်းအား မင်းပြား ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မိသားစုများက ပြောသည်။

#ရေဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.