ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တောတန်းလေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 6.6k

တိုက်တွေရဲ့အောက်မှာ
မြူခိုးနဲ့ ယှက်ထားတဲ့ပန်းတံတား။
ကျေးငှက်ပေါင်းစုံရဲ့သီချင်း
ဇလပ်ဖြူတွေရဲ့ညနေခင်း။
တစ်ခါတုန်းက အဲ့ဒီတောတန်းလေးဆီ
ပုန်းညက်တွေပြိုဆင်းခဲ့တယ်။

တောတန်းလေးဟာ
မြူနဲ့သွေးသားမကင်းသလို
မိုးဆောင်းနွေဥတုသုံးပါးနဲ့
တစ်သားတည်း ကျနေခဲ့ရဲ့။

မိုးမှာ ပုန်းညက်
ဆောင်းမှာ နှင်းစက်
နွေဆို နွေရနံ့အငွေ့အသက်နဲ့
သမမျှတခဲ့တဲ့ တစ်ခါတုန်းကေ
တာတန်းလေးပေါ့။

လက်ရှိမှာတော့ တောတန်းလေးဟာ
ဥတုသုံးပါးကိုမမှတ်မိရှာ။
မြူခိုးတွေအစား မီးခိုးတွေကြားမှာ
တောတန်းလေးအသက်ငင်နေပုံများ။

တစ်ပင်ခုတ်ရင် (၃)နှစ်
ဆောင်ပုဒ်တွေအထပ်ထပ်ထုတ်ပေမယ့်
ခုတ်သူတွေမလစ်မလပ်ရှိနေတော့
တစ်တောလုံးခုတ်သူတွေ ချမ်းသာသွားပြီး
တောတန်းလေးဟာ အမြစ်ပြုတ်ခဲ့ရပေါ့။

တောတန်းလေးဟာ သူ့သစ်ပင်၊သူ့စမ်းချောင်းနဲ့
ရာသီဥတုကို စိုက်ပျိုးသန့်စင်ခဲ့ပေမယ့်
ကိုယ်တိုင်ကျသက်တမ်းစေ့ ရှင်သန်ခွင့်မရခဲ့။

စိမ်းစိုခဲ့တဲ့ တောတန်းလေး
ရွှန်းဝေခဲ့တဲ့ တောတန်းလေး
ညိုမှိုင်းခဲ့တဲ့ တောတန်းလေး။

နောက်ဆုံးထွက်သက်အရောက်ေ
တာတန်းလေးဆိုတဲ့သီချင်းတွေမှာ
သစ်ခုတ်သမားတွေ အကြောင်းပါလာရဲ့။
ကမ္ဘာကြီး သာယာလှပပါစေ
ရာသီဥတု ကောင်းမွန်ပါစေ
ကျေးငှက်လေးတွေ တေးသီနိုင်စေ
စမ်းချောင်းလေးတွေ စီးဆင်းနိုင်စေ
တောတန်းလေးတွေ ဘေးကင်းပါစေ
သစ်ခုတ်သမားတွေ ပပျောက်ပါစေတဲ့လေ။

သစ်ခုတ်သမားတွေကတော့
တစ်တောကုန်တစ်တောပြောင်းနဲ့
ကမ္ဘာ့ပူလောင်မှုကို ခုတ်ထစ်လို့ကောင်းတုန်း။

စိုးဇံအောင်(တောင်ကုတ်)

ဆက်စပ် သတင်းများ

သင်္ဂြိုလ်ခံလိုက်ရတဲ့ည
  • Web Master
  • ၁၁ ဇွန် ၂၀၁၉
သင်္ဂြိုလ်ခံလိုက်ရတဲ့ည