Preview

စစ်တွေပြင်ပ စေတနာညကျောင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူဦးရေတိုးလာ

ဇွန် ၁၃/ ၂၀၁၉ | ကြည့်ရှုသူ :2615
ရခိုင် သတင်း

နှင်းဝေဝေကျော | နိရဥ္စရာ၊ ဇွန် ၁၃/ ၂၀၁၉

၇ခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြင်ပ ကျောင်းသားများ အတွက် ရည်ရွယ် ဖွင့်လှစ်ထားသော စေတနာညကျောင်းတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား/သူဦးရေမှာ တစ်နှစ်ထက် တစ်နှစ်တိုးလာကြောင်း သိ၇သည်။

စေတနာ ညကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင် အောင်မြင်သူ ဦးရေ(၁၆)ဦး၊ ၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင်(၂၆)ဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်(၂ရ)ဦး ရှိခဲ့ပြီး ယခုနှစ်တွင် အောင်မြင်သူဦးရေ(၃၁)ဦး အထိရှိလာကြောင်းသိ၇သည်။

အဆိုပါကျောင်းတာဝန်ခံဆရာမ ဒေါက်တာကျော့သာစိန်က "ကျွန်မတို့က သူတို့ကို စိတ်အား တက်ကြွ လာအောင် ပြောဆိုဆုံးမပြီး သင်ကြားပေးတဲ့အခါကျတော့ ကလေးတွေက စာမေးပွဲ အောင်ချင် လာတာကြောင့် ကြိုးစားလာကြတယ်။ ဒါကြောင့် အောင်မြင်သူ တိုးလာတာ ဖြစ်ပါတယ်"ဟု ပြောသည်။

စေတနာညကျောင်းကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစတင်ကာ ရခိုင်အမျိုးသမီးစွမ်းဆောင်ရှင်ဆုရ ဒေါက်တာကျော့သာစိန်အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပညာရေးဌာနတို့၏ကူညီပံ့ပိုးမှုတို့ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

"ကျွန်မတို့ဒီကျောင်းကိုဖွင့်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆယ်တန်းကို ၂ နှစ်ကျပြီး အပြင်ကို ရောက်နေတဲ့ ကလေးတွေကို ဆယ်တန်းအောင်စေချင်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်ဖြစ်ခဲ့တာပါ။ အခုလို ဒီကျောင်းကနေနှစ်ကျ ကလေးတွေကို တက္ကသိုလ်ဝင်တန်းအောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့အတွက် ကျွန်မအနေနဲ့လည်း အရမ်းဝမ်းသာပါတယ်။” ဟု ဒေါက်တာကျော့သာစိန်က ပြောကြားခဲ့သည်။

အဆိုပါညကျောင်းတွင် စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများအပါအဝင် ပြင်ပမှ ပုဂ္ဂလိက ဆရာ၊ ဆရာမ များကလည်း စေတနာဖြင့် လာရောက်ကာ အခကြေးငွေမယူဘဲ သင်ကြားပြသပေးလျက် ရှိကြောင်း၊ ယမန်နှစ်က ကျောင်းသား ၁၀၀ ခန့် တက်ရောက်သင်ကြားခဲ့ကြောင်းဖြင့်လည်း  သိ၇သည်။

“ဒီကျောင်းကညနေမှတက်ရတဲ့ကျောင်းဖြစ်တဲ့အတွက်အလုပ်တဖက်နဲ့ကျောင်းတက်နေရသူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ညီမတို့ကို အခုလို အောင်မြင်အောင်သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု စေတနာညကျောင်းမှု တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ မစောမြနုက ပြောသည်။

အဆိုပါကျောင်းကို နေ့စဉ် ညနေ ၆ နာရီမှ ၉ နာရီအထိ သင်ကြားပြသပေးလျက် ရှိကြောင်းလည်း  သိ၇သည်။




photo - ဒေါက်တာကျော့သာစိန်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.