သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဆန္ဒပြပွဲ ဟောင်ကောင်ရဲမှ ရာဘာကျည်ဖြင့် ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 10.2k

စစ်တွေ၊ ဇွန်လ ၁၃/ ၂ဝ၁၉

ဇွန်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့က ဟောင်ကောင် မြို့ဆန္ဒပြပွဲတွင် ဆန္ဒပြနေသည့် လူအုပ်ထဲမှ ပလက်စတစ်ရေဗူးများဖြင့် ပစ်ပေါက်ခြင်းမှ တဆင့် ဆူပူအုံကြွမှုအသွင်ဆောင်လာသောကြောင့် အဓိကရုဏ်းနိုမ်နှင်းသည့် ရဲတပ်ဖွဲ့အနေဖြင့် ရာဘာကျည်နှင့် မျက်ရည်ယိုဓာတ်ငွေ့များကိုအသုံးပြု ဖြိုခွင်းခဲ့ရကြောင်းသိရသည်။

အဆိုပါ ဗုဒွှဟူးနေ့ ဆန္ဒပြပွဲမှာ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းမှုဆိုင်ရာ ဥပဒေမူကြမ်း အား လူထုမှ မကျေနပ်ဘဲ ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြနေကြခြင်းဖြစ်ပြီး ဆူပူအုံကြွမှုအသွင်သို့ တဖြည်းဖြည်း ဆောင်လာခဲ့ကြောင်းလည်းသိရသည်။

အလွန် ဒေါသထွက်နေသော လူအုပ်သည် ရဲများကို ထီးများဖြင့်ရိုက်ခဲ့ကြပြီး ယင်းမတိုင်မီက  ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် တရုတ်အုပ်ချုပ်သည့် မြို့တော်၏ ဥပဒေ ပြုရာ လွှတ်တော် အပြင်ဘက်တွင် ငြိမ်းစွာဖြင့် စုရုံးခဲ့ကြသည်။

၎င်းနောက်ရဲတပ်ဖွဲ့က အင်အားသုံးမည်ဟု ပြန်လည် သတိပေးခဲ့ပြီးနောက် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။

မျက်ရည်ယိုဗုံးကြောင့် ဆန္ဒပြသူများ ထွက်ပြေးနေစဉ် လူအုပ် အထိတ်တလန့်  ဖရိုဖရဲ ဖြစ်စေရန် လူနာတင်ကားများကို ဆန္ဒပြ လူအုပ်ထဲသို့ အမြန်နှုန်းဖြင့် မောင်းဝင်ခဲ့ကြသည်ဟုဆိုသည်။ အနည်းဆုံး ဆန္ဒပြသူ ၁ဝ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်ဟု Cable TV  က သတင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့သည် လူအစုအဝေးအတွင်း ငရုတ်ကောင်းမှုန်ရေမွှား၊ မျက်ရည်ယိုဓာတ်ငွေ့နှင့် နံပတ် တုတ်ကိုအသုံးပြုခဲ့သည်။ ဟောင်ကောင်၏ အမြင့်ဆုံးအဆောက်အဦးများထဲက တစ်ခုဖြစ်သော IFC အနီးမှ တချို့ကဆိုင်များက တစ်နေ့တာအတွက် ပိတ်ထားလိုက်သည်ဟု ဆိုသည်။

၎င်းဆန္ဒပြပွဲကို Civil Human Rights Front စည်းရုံးပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ခန့်မှန်းခြေ လူပေါင်း ၁သန်းကျော် လမ်းပေါ်သို့ ထွက်လာပြီး တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းမှုဆိုင်ရာ ဥပဒေမူကြမ်း အား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းအဖွဲ့မှ မလိုအပ်ဘဲ ရဲတပ်ဖွဲ့ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။


Hong Kong police fire rubber bullets as extradition bill protests turn to chaos ( Reuters)

ဆက်စပ် သတင်းများ