အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်အတွက် ကွန်ပျူတာအလုံး ၄ဝ နှင့် လယ်ယာသုံးစက် ၃ဝ ပေးအပ်လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 9.6k

သန်းသန်း | စစ်တွေ၊ ဇွန် ၁၄/၂ဝ၁၉

အိန္ဒိယ-မြန်မာချစ်ကြည်ရေး အတွက် ရည်ရွယ်၍ အိန္ဒိယနိုင်ငံအစိုးရမှ  ရခိုင်ပြည်နယ်အစိုးရထံသို့  ကွန်ပျူတာအလုံး ၄ဝ၊ ထွန်စက် ၁၅ လုံးနှင့် ရိတ်သိမ်းခြွေလှည့်စက် ၁၅ ပေးအပ် လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အိန္ဒိယနိုင်ငံအစိုးရကဆောင်ရွက်နေသည့် ပင်လယ်ကူးဆိပ်ကမ်းတွင် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

“အခုလို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယနဲ့ ရခိုင်ပြည်နယ် အပါအဝင်  မြန်မာနိုင်ငံတို့ကြားမှာ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးကို လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ လူငယ်တွေအတွက်ကိုလည်း အနာဂတ်မှာ အလားအလာရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုရလာစေဖို့လည်း ရည်ရွယ်ပါတယ်။ ပြီးတော့ အိန္ဒိယ အစိုးရဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြစ်နိုင်တဲ့နည်းလမ်းကောင်းတွေနဲ့ ပိုပြီးတော့ လုပ်ကိုင်ဆောင်သွားဖို့ ရှိနေပါတယ် ”ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar က ပြောသည်။


အိန္ဒိယနိုင်ငံအစိုးရက ပေးအပ်လာသော ပစ္စည်းများတွင် ကွန်ပျူတာ အလုံး ၄ဝ နှင့် ဆက်စပ်သည့် ပစ္စည်းများအပါအဝင် ရခိုင်မှတောင်သူများအတွက် ထွန်စက် ၁၅ လုံးနှင့် ရိတ်သိမ်းခြွေလှည့်စက် ၁၅ လုံးတို့လည်း ပါဝင်သည်။

အဆိုပါပစ္စည်းများကို လိုအပ်သည့်နေရာတွင်အသုံးပြုနိုင်ရန် ယခုလအတွင်း ခွဲဝေပေးသွားမည်ဟုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က အခမ်းအနား  အပြီးတွင် သတင်းထောက်များကို ပြောဆိုသွားခဲ့သည်။

"ကျနော်တို့ကတော့ ဒါတွေအကုန်လုံးကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ကျနော်တို့က လိုအပ်တဲ့နေရာမှာ လိုအပ်သလို အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။"ဟု ဝန်ကြီး ဦးကျော်လွင်က ပြောသည်။

အိန္ဒိယနိုင်ငံအစိုးရသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့ ကုန်စည်များ အပြန်အလှန်ကူးသန်းရောင်းဝယ်နိုင်ရန်အတွက်ဟုဆိုကာ စစ်တွေတွင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို ၂ဝဝ၉ ခုနှစ်မှစတင်ဆောင်ရွက်နေကြောင်း သိရသည်။


ဆက်စပ် သတင်းများ