- Web Master
- ၂၂ ဒီဇင်ဘာ ၂၀၂၁
နိရဥ္စရာ၊ ဇွန်လ ၁၇/ ၂ဝ၁၉
မက္ကဆီကန်အရာရှိများသည် ဇွန်လ ၁၅ ရက် စနေနေ့က ကုန်တင်ထရပ်ကား ၄ စီးမှ အထောက်အထားမဲ့ ရွှေ့ပြောင်းလာသူ ၈ဝဝ နီးပါးကို ဖမ်းဆီးလို်က်သည်ဟု အစိုးရအာဏာပိုင်များကို ကိုးကားပြီး Reuters တွင် သတင်းဖော်ပြသည်။ ယခုဖမ်းဆီးမှုသည် မက္ကဆီကရှေ့ပိုင်းတွင် များမကြာမီ လပိုင်းအတွင်း တရားမဝင် ရွှေ့ပြောင်းသူများကို ဖမ်းဆီးရာတွင် အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်သည်။
မက္ကစီကို အမျိုးသားရွှေ့ပြောင်းဌာန (INM)၏ စနေနေ့နောင်ပိုင်း ထုတ်ပြန်ချက်တွင် နိုင်ငံခြားနိုင်ငံသား ၇၉၁ ဦး ကုန်တင်ကားကို မက္ကစီကိုနိုင်ငံ အရှေ့ဘက်ပြည်နယ် Veracruz တွင် ရပ်တန့် စစ်ဆေးစဉ် တွေ့ရှိရပြီး ၎င်းမှာ အစုလိုက် အပြုံလိုက် ဖမ်းဆီးရရှိမှု ဖြစ်ကြောင်း အစောပိုင်း အစီရင်ခံစာများက အတည်ပြုသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ဖိအားကြောင့် မက္ကစီကို မှ အမေရိကန် နယ်စပ်ဆီသို့ ရွှေ့ပြောင်းမှု မြင့်တက်မှုကိုေ လျှာ့ချရန်ကြိုးပမ်းအားထုတ်မှု အဖြစ် စိုးရိမ်မှု ဖြစ်လာပြီး မက္ကစီကို အနေဖြင့် တရားမဝင်လူဝင်မှုကို ရပ်တန့် မပေးပါက မက္ကဆီကန်မှ ကုန်ပစ္စည်းများကို အခွန်တိုးကောက်မည်ဟု အမေရိကန်သမ္မတ Donald Trump ကတိပြုထားသည်။
မက္ကစီကိုနိုင်ငံသည် အမေရိကန်နိုင်ငံ၏ အခွန်တိုးမြှင့် ကောက်ခံခြင်း အပေါ် ရှောင်လွဲနိုင်ရန် အတွက် သိသာထင်ရှားသော တိုးတက်မှု ရရှိရန်အလို့ငှာ တရားမဝင် အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးစားနေသောလူများ၏ အရေအတွက်ကို လျှော့ချရန် အချိန် ၄၅ ရက် သတ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုနှင့် အတူ ဇွန်လ ၇ ရက်နေ့က သဘောတူညီချက် ရယူထားသည်။
အမေရိကန်ပြည်ထောင်စုဝင်ရန် ကြိုးစားရာမှ ဖမ်းမိသူများအထဲတွင် အများစုမှာ ဆင်းရဲ နွမ်းပါးမှုနှင့်အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသော အမေရိက အလယ်ပိုင်း နိုင်ငံများဖြစ်ကြသည့် ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်နှင့် El Salvador တို့မှ ဖြစ်ကြသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် မက္ကစီကိုဘက်မှ နယ်စပ်ဖြတ်ကျော်၍ အမေရိကန် ပြည်ထောင်စုသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသူများကို တင်းတင်းကျပ်ကျပ် ဟန့်တားကိုင်တွယ်ခြင်း မရှိပါက မက္ကစီကိုမှနေ၍ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းကုန်များကို အောက်တိုဘာလ ၁ ရက်နေ့ထိ တစ်လလျှင် ၅ ရာခိုင်နှုန်းစီ အခွန်တိုးမြှင့် ကောက်ခံရန် ပြောကြားထားသည်။
(ဓာတ်ပုံ- ရိုက်တာ)
Mxico detains nearly 800 undocumented migrants in four trucks