စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ကမ်းထောင်းကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 454


သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၁၉/ ၂ဝ၁၉


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။


ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်က အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ သည် ၄င်းနေအိမ်အတွင်း ဗွီဒီယိုကြည့်နေစဉ် ထိုသို့ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။


ညီဖြစ်သူ ဦးကျော်မင်းထွန်းက “ကျနော့်အစ်ကိုက ဗွီဒီယိုထိုင်ကြည့်နေတာပါ။ အဲဒီအချိန်မှာ လာပြီးပစ်သတ်သွားတာပါ။ ဘယ်သူပစ်တယ်ဆိုတာ အတိအကျမသိဘူး” ဟု ၄င်းကဆိုသည်။


သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသူ ဦးသန်းမောင်ချေမှာ စစ်တပ်ထွက် တစ်ဦးဖြစ်ကြောင်း၊ စစ်တပ်အား သတင်းပေးသည်ဟု ဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ထင်ရကြောင်း ညီဖြစ်သူ ဦးကျော်မင်းထွန်းက ပြောသည်။


ညာဘက်မျက်စိ အောက်တွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးသွားပြီး ၄င်းရုပ်အလောင်းအား လက်ရှိတွင် အမ်းပြည်သူ့ဆေးရုံတွင် စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း မိသားစုဝင်များ ပြောကြားချက်အရ သိရသည်။ 


ယခု သေဆုံးမှုသည် ဒုတိယ အကြိ်မ် မြေပုံမြို့နယ်အတွင်း သေဆုံးမှုဖြစ်ပြီး အလားတူ ပြီးခဲ့သည့် ၂ဝ၁၈ ဒီဇင်ဘာလ အတွင်းကလည်း မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်သည် နေအိမ်အတွင်း တီဗွီကြည့်နေစဉ် အမည်မသိ သေနတ်သမားများက အနီးကတ် ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်

ဆက်စပ် သတင်းများ