Preview

ဂျပန်မှ ရက္ခိုင်လူငယ်အစည်းအရုံး မြန်မာသံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ

ဇွန် ၁၉/ ၂၀၁၉ | ကြည့်ရှုသူ :7323
ရခိုင် သတင်း

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၁၉/၂၀၁၉

ဂျပန်ရောက် ရခိုင်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ရက္ခိုင်လူငယ်အစည်းအရုံးမှ ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

လက်ရှိ ဂျပန်နိုင်ငံရောက်ရှိနေသည့် ကိုအောင်မျိုးသန်းက “ကျနော်တို့ အခုတောင်းဆှိုဆန္ဒပြတဲ့အဓိက ရည်ရွယ်ချက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနဲ့ မြန်မာ့တပ်မတော်တို့က အပြစ်မဲ့ရခိုင် ပြည်သူများ ဖမ်းဆီးသတ်ဖြတ် အနိုင်ကျင့် နေတာ ကို ရပ်တန့်ပေးဖို့ အဓိက တောင်းဆိုတာဖြစ်ပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆန္ဒပြပွဲတွင် လူပေါင်း ၄၀ ခန့်ပါဝင်ခဲ့ပြီး ဂျပန်ရောက် ကချင်လူငယ်အစည်းအရုံးအဖွဲ့ကလည်း ပူးပေါင်းပါဝင် ခဲ့ကြသည်ဟု သိရသည်။

ဆန္ဒဖော်ထုတ်သူများသည် ရခိုင်ပြည်နယ်မှ သတ်ဖြတ်ခံခဲ့ရသူတို့၏ ဓာတ်ပုံများကို အသီးသီး ကိုင်ဆောင်ကာ စီတန်းပြီး ငြိမ်သက်စွာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
 
လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ လူထုများ ဒုက္ခရောက်နေရသည့် အပေါ် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ ရောက်ရှိနေကြသည့် ရခိုင်လူထုများမှ ထိုသို့ မကြာခဏဆိုသလို တောင်းဆို ဆန္ဒပြမှုများလည်း ရှိခဲ့သည်။

ယခု ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲမှာ တစ်နာရီခန့် ကြာမြှင့်ခဲ့သည်ဟု သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.