အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မြောက်ပိုင်းမှတိုက်ပွဲဖြစ်ပွားရာမြို့နယ်များတွင် ဒေတာနှင့်အင်တာနက်လိုင်းများကို ဖြတ်တောက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 7.7k



နိရဥ္စရာ၊ ဇွန်လ ၂၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲများဖြစ်ပွားနေရာ မြို့နယ်များတွင် ဒေတာနှင့် အင်တာနက်ဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းလိုက်ပြီဟု သတင်းရရှိသည်။

ထိုသို့ ဖြတ်တောက်လိုက်ခြင်းမှာ ဟုတ်မှန်ကြောင်း၊ ထိုအထဲတွင် MPT၊ Mytel၊ Telenor နှင့် Ooredo တယ်လီဖုန်းဆက်သွယ်ရေးဌာများ ဖြစ်ကြကြောင်း၊ မည်သည့်အတွက် ဝန်ဆောင်မှုကို ရပ်ဆိုင်းခိုင်းသည်ကို မသိရှိရသေးကြောင်း  အမည်မဖော်လိုသူ ဆက်သွယ်ရေး အရာရှိ တစ်ဦးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

ဒေတာနှင့် အင်တာနက်လိုင်းများ အဖြတ်ခံရသည့် မြို့နယ်များမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မောင်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်တို့ ဖြစ်ကြသည်။

မောင်တောမြို့နယ် တောင်ပိုင်းမှ ကျောင်းဆရာ တစ်ဦးက “ ဇွန်လ ၂ဝ ရက် ညဉ့် ၁၁ နာရီကနေပြီး အင်တာနက်လိုင်းဖြတ်လိုက်ပါတယ်။ ဖေ့စ်ဘုတ်တွေကို သုံးလို့ မရတော့ပါဘူး။ မောင်တော၊ ဘူးသီးတောင် မြို့နယ်တွေ အကုန်လုံး ဖြတ်တောက် ခံထားရပါတယ်” ဟု ပြောကြားသည်။

အလားတူ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တွင်လည်း အင်တာနက်လိုင်များ ဖြတ်တောက်ခံရပြီး ဖေ့စ်ဘုတ်ကိုသုံး၍ မရတော့ဟု ဒေသခံများက ပြောသည်။

ဒေတာနှင့် အင်တာနက် ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌနာန ၏ ညွှန်ကြားချက်အရ ဟု သိရှိရပါသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ ဆက်သွယ်ရာ ပြောခွင့်ရသူ တစ်ဦးက သူ့မှာ အငြိမ်းစား ယူသွားပြီး ဖြစ်ကြောင်း ပြောဆိုပြီး နောက်ထပ် ဆက်သွယ်ရာ  ဖုန်းကိုင်ဖြေဆိုခြင်း မရှိသေးသဖြင့် အစိုးရဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။



ဆက်စပ် သတင်းများ