Preview

ဘူးသီးတောင်မြို့နယ် ဂုပ္ပီတွင် ခမီလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဇွန် ၂၃/ ၂၀၁၉ | ကြည့်ရှုသူ :5125
ရခိုင် သတင်း


သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၃/ ၂၀၁၉


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂုပ္ပီကျေးရွာတွင် ဈေးဆိုင်သည် ခမီးလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။


ပစ်သတ်ခံ၇ပြီး သေဆုံးသွားသူမှာ ဦးသာစံအောင် (၄၅)နှစ်ဖြစ်ပြီး အမည်မသိ လက်နက်ကိုင် တစ်ဦးက ဂုပ္ပီ ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ဆောင်ပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏ ဇနီးဒေါ်ခင်လေးရီ ကနိရဥ္စရာသတင်းဌာနသို့ ပြောသည်။


ဒေါ်ခင်လေးရီက “ဒီနေ့ မနက် ၅နာရီက ဖြစ်တယ်လို့ပြောပါတယ်။ ကျမလည်းမရှိဘူး။ ကျမက ဘူးသီးတောင်မြို့ပေါ်မှာပါ။ ကလေးတွေ ဆယ်တန်း၊ ကိုးတန်းတက်နေတော့ ကျမက သူတို့နဲ့နေတာ။ ကျမအိမ်ရှင်က ကလေးတွေကျောင်းတက်နိုင်ဖို့ အတွက် ငါဒီမှာ ဆိုင်ရောင်းပြီး ကျန်ခဲ့မယ်ဆိုပြီး ဂုပ္ပီမှာ ရောင်းပြီးကျန်ခဲ့တာ။ အခုတော့ အသတ်ခံပြီ သေဆုံးသွားပါပြီ”ဟု သူမကဆိုသည်။


သေနတ်ဖြင့် ပစ်သတ်ခဲ့သူမှာ ဘယ်လက်နက်ကိုင် အဖွဲ့ကဆိုသည်ကို  မသိရကြောင်း၊ သေနတ်ဖြင့် ပစ်သတ်သွားသူမှာ တစ်ဦးတည်းဖြစ်ပြီး လက်ထဲတွင် လက်ပစ်ဗုံးနှင့် သေနတ်ကိုင်ဆောင်ထားသည်ဟု သိ၇ကြောင်း၊ ဘုန်းတော်ကြီး ကျောင်းသို့ ခေါ်ယူပြီး ပစ်သတ်ကာ ၄င်းတို့ဆိုင်အတွင်းမှ ငွေ ကျပ် ရ သိန်းကျော် ကိုလည်း ယူဆောင်သွားကြောင်း၊ ထိုသို့ ပစ်သတ်ခံမှုအား ကျွန်းပေါက်ရဲကင်းသို့ တိုင်းကြားခဲ့ကြောင်း ဒေါ်ခင်လေးရီက ပြောသည်။


သေဆုံးသွားသူ၏ ရုပ်အလောင်းအား ဘူးသီးတောင်ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ယူဆောင်လာကြောင်း ၊ ဘုတ်ပေါ်တွင် အတူလိုက်ပါလာကြောင်း သူမက ပြောကြားသည်။


အဆိုပါ ဖြစ်စဉ်အား အသေစိတ် သိရှိရန် နယ်မြေခံ ကျွန်းပေါက်ရဲကင်းသို့ ဆက်သွယ်ရန်ကြိုးစားသော်လည်း  အဆက်သွယ်၍မရရှိခဲ့ပါ။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.