ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦး ပေါက်ပင်ကွင်းရွာသား လယ်ထွန်အပြီးရေချိုးရန် ချောင်းသို့အဆင်း သေနတ်ကျည်ဆံထိမှန်၍ ဆေးရုံရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 6.4k



နိရဥ္စရာ၊ ဇွန်လ ၂၄/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းရွာမှ ရွာသား တစ်ဦးသည် ယနေ့ နေ့လယ်က လယ်ထွန်အပြီး ချောင်းသို့ ရေချိုးရန် ဆင်းစဉ် သေနတ်နှင့် ပစ်ခံရပြီး ဒဏ်ရာ (မစိုးရိမ်) ရသွားသဖြင့် တိမ်ညိုဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည်။

၎င်း ဒဏ်ရာရသူမှာ ဦးကျော်ဝင်းထွန်း (၃ဝ) နှစ်ဖြစ်သည်။

လက်ရှိ တိမ်ညိုဆေးရုံသို့ ရောက်ရှိနေသည့် ဦးကျော်ဝင်းထွန်းအား နိရဥ္စရာ သတင်းဌာနမှ မေးမြန်းရာ သူက “ ဒဏ်ရာက မစိုးရိမ်ရဘူး။ မျက်နာ မှေးရိုးအောက်နားမှာ ရှပ်ထိတာပါ။ နောက်ရွာက လူငယ် တစ်ဦးနဲ့ လယ်ထွန်အပြီး ရေချိုးဖို့ ဆင်းလာစဉ် နေ့လယ် ၁၂ နာရီခန့်မှာ  တောင်ကုန်းကနေ သေနတ်နဲ့ ပစ်တာပါ။ အဝေးကနေ တပ်ကနေ လှမ်းပစ်တာပါ။ မြင်ရပါတယ်” ဟု ပြောကြားသည်။

သေနတ်ထိမှန်ပြီးနောက် ရွာသို့ တက်ပြေးလာပြီး နောက်ထပ်လည်း ဆယ်ကိုးချက်ခန့် ပစ်ခတ်ကြောင်း ၎င်းက ပြောကြားသည်။

သူနှင့် အတူ ပါလာသူ ကျော်ဝင်းတင် (၂၆) နှစ်တွင် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ ဖုန်းမအားဟု အကြောင်းပြန်သဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ