Preview

ဂွမြို့နယ်တွင် ခရီးသည်တင်ယာဉ်မတော်တဆဖြစ်၍ လူ၂၁ ဦး ဒဏ်ရာရ

ဇွန် ၂၄/ ၂၀၁၉ | ကြည့်ရှုသူ :9365
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၄∕ ၂၀၁၉

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ယာဉ်မတော်တဆဖြစ်၍ ခရီးသည် ၂၁ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါယာဉ်တွင် ခရီးသည် စုစုပေါင်း ၃၀ ဦးခန့်ပါဝင်ပြီး ဂွမြို့နယ် ကုလားပြင်ကျေးရွာမှ ယနေ့ နံနက် ရ နာရီခန့်က ဂွမြို့သို့လာစဉ် ဖာလာတောင်ပေါ်တွင် နံနက် ၁၀ နာရီခန့်က မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးတာတော့မရှိပါဘူး။ တစ်ခြားယာဉ်တွေနဲ့တိုက်ပြီး ပြုတ်ကျတာတော့ မဟုတ်ဘူးပေါ့။ ဂီယာမနိုင်လို့ ပြုတ်ကျတဲ့  သဘောပါ။ လူနာတွေကတော့ ဆေးရုံကိုရောက်နေကြပါပြီ။”ဟု ဂွမြို့နယ် နာရေးကူညီမှူးအသင်းမှ အဖွဲ့ဝင်တစ်ဦးက နိရဥ္စရာသတင်းဌာနသို့  ပြောသည်။

ဒဏ်ရာရခရီးသည်များမှာ မမိုးမြင့်အေး၊ ဒေါ်ချစ်၊ ဒေါ်ဒေါ်လှချစ်၊ ဦးလှမြင့်၊ ဦးဝင်းဌေး၊ ဦးမောင်လှ၊ ဒေါ်မေဝိုင်း၊ မောင်နေလင်းပိုင်၊ ဦးကြည်ဝင်း၊  ဦးမြင့်မောင်ဦး၊  ဦးဇော်ဝင်း၊ မဖြူဖြူအောင်၊ မချောစုလှိုင်၊ ဒေါ်ခင်သွယ်၊ ဦးသန်းနိုင်၊ မစိုးစန္ဒာဦး၊ မလှလှဝင်း၊ ဒေါ်ဝင်းမေ၊  မအေးသီတာ၊ မမေသုနှင့် မမိုးအိအိခန့်တို့ ဖြစ်ကြပြီး ယာဉ်မောင်းသူမှာ ဦးစိုးမင်းဌေး အသက် (၂၉)နှစ် ဖြစ်ကြောင်း သိရသည်။

“ကားမောင်းတဲ့သူက ဂီယာချိန်းပြီးတော့ အဲဒီ ဖာလာတောင်ကုန်းပေါ်ကိုတက်တာ ။ အဲဒီမှာ နောက်ပြန်လိမ့်ကျတာ။ ကားမောင်းသူက သံတွဲကလို့ ပြောပါတယ်။ သူ့ကို စစ်ဆေး မေးမြန်းတာတွေလုပ်ပြီး အရေးယူဖို့လုပ်နေပါတယ်။”ဟု ဂွမြို့နယ်  ကမ်းသာယာ ရဲစခန်းမှ ရဲအုပ် ကျော်ဆန်းလင်းက ပြောသည်။

ဒဏ်ရာရလူနာများမှာ ဂွမြို့နယ် ကုလားပြင်ကျေးရွာ၊ ကမ်းသာယာကျေးရွာ၊ ကိုင်းခုန်ကျေးရွာနှင့် သံကြိုးကျေးရွာတို့မှ အသီးသီးပါဝင်ကြောင်း သိရသည်။

ယင်းကားအမျိုးအစားမှာ Misubishi Canda ကား အဖြူရောင်ဖြစ်ပြီး ယာဉ်မောင်းသူအား ဂွမြို့နယ်  ကမ်းသာယာနယ်မြေရဲစခန်းမှ ယာဉ် (ပ) ၄∕၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၇၉⁄ ၃၃၇∕ ၃၃၈ တို့ဖြင့် အမှုဖွင့်လုပ်ဆောင်နေကြောင်း သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.