Preview

စစ်တွေတွင် ရေတပ်သင်္ဘောပစ်ခံရပြီးနောက် ဖမ်းဆီးခံထားရသူ ရဦးထဲမှ သုံးဦးကိုအာမခံဖြင့် ပြန်လွတ်

ဇွန် ၂၅/ ၂၀၁၉ | ကြည့်ရှုသူ :7587
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၅ ∕ ၂၀၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်း၀တွင် ရပ်နားထားသည့် စစ်သင်္ဘောတစ်စီး ဒုံးဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခံထား၇သည့် ခြံစောင့်မိသားစု ၄ ဦး အပါအဝင် လူ ၇ ဦး ထဲမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၂ ဦးကို ပြန်လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

သူတို့အား  စစ်တွေအမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေရာမှ လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း  လွတ်မြောက်လာသူ ဒေါ်သူဇာက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

စတင် ဖမ်းဆီးစစ်ဆေးခံနေရကြသူများ အထဲတွင် ခြံစောင့် မိသားစုများ ဖြစ်ကြသည့် ဦးထွန်းရွှေ (၅၁) နှစ်၊ ဇနီး ဒေါ်သူဇာ (၄၈)နှစ်၊ သားကြီး ရဲမင်းနိုင် (၂၆) နှစ်၊ သားငယ် မောင်ဌေးလင်း (၁၆)နှစ်တို့ဖြစ်ကြပြီး နောက်ထပ် ဖမ်းဆီးစစ်ဆေးခံနေကြရသူများမှာ  ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးအောင်လင်းဦး၊ မန်နေဂျာ ဦးအောင်နိုင်နှင့် တာဝန်ခံ ဦးအောင်စိုးသန်းတို့ ဖြစ်ကြောင်း သိ၇သည်။

ဇွန်လ ၂၂ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်ခန့်က ဆတ်ရိုးကျ ချောင်း၀တွင် ရပ်နားထားသည့် ရေတပ် ရေဆွဲယာဉ် တစ်စီးကို တစ်ခါသုံး ရှော့တိုက် ဒုံးကျည် ၂ လုံးဖြင့် ရက္ခိုင့်တပ်တော် (AA) မှ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းနောက်ပိုင်း ခြံစောင့်မိသားစု အပါအဝင် လူ ရ ဦးကို မသင်္ကာမူဖြင့် ဖမ်းဆီးခဲ့သည်။

“ကျွန်မတို့က ဒီခြံက ခြံစောင့်တာဝန်ယူထားတာပါ။ အဲဒီနေ့က  ကျွန်မ ဈေးကအိမ်ကိုအပြန် အိမ်ထဲမှာ စစ်သားတွေနဲ့ ရဲသားတွေ ဝိုင်းနေတော့  ဘာဖြစ်တာလဲလို့ ကျွန်မယေင်္ာကျားကို မေးပါတယ်။ သူက ကျွန်မတို့ခြံထဲကို လက်နက် တစ်ခု တွေ့တယ်လို့ ပြောပါတယ်။ အဲဒီလက်နက်က ဘယ်ကနေ ရောက်လာမှန်းလည်း ကျွန်မတို့လည်း မသိပါဘူး။ ကျွန်မတို့ ၉ နာရီလောက်မှာ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာပါ။ စစ်ဆေးတော့ အမတို့ ခြံထဲမှာတွေ့တာ။ အမတို့ သိကိုသိရမယ်ဆိုပြီး ပြောပါတယ်။ ကျွန်မတို့ကလည်း အိပ်နေတော့ ဘာမှ မသိလိုက်ဘူးဆိုပြီး ပြန်ပြောပြပါတယ်။ ကျွန်မသားကြီးကို သူတို့က စွပ်စွဲနေပါတယ် ” ဟု ဖမ်းဆီးခံရပုံနှင့် ပတ်သက်ပြီး  ဒေါ်သူဇာက ပြောပြသည်။

စစ်ဆေးခံခဲ့၇သူများအနက် ဦးအောင်လင်းဦး၊ ဒေါ်သူဇာနှင့် သူမ၏ သားငယ်တို့ကို အာမခံဖြင့် ပြန်လွတ်ပေးလိုက်ပြီး ကျန် ၄ ဦးကို ဆက်လက် ထိန်းသိမ်းထားပြီး စစ်ဆေးနေသည်ဟု သူမက ပြောသည်။

ဆက်ဖမ်းဆီးခံနေ၇သူ ၄ ဦးတွင် ဦးထွန်းရွှေနှင့် မောင်ရဲမင်းနိုင်တို့မှာ အတွင်းချုပ်စစ်ဆေးခံရ၍ ဦးအောင်နိုင်နှင့် ဦးအောင်စိုးသန်းတို့မှာ အပြင်ချုပ် စစ်ဆေးခံနေရကြောင်း သိရသည်။

“လက်နက်ကြီးကျတဲ့ အသံက မနက်အရုဏ်တက်ချိန်မှာပါ။ ကျွန်မသားကြီးက အလုပ်က ပစ္စည်းကိရိယာတွေနဲ့မို့ အောက်မှာ အစောင့်အနေနဲ့ ဆင်းအိပ်ရပါတယ်။ ပထမ အသံကြားတော့ ကျွန်မယောက်ကျားက မိုးကြိုးပစ်သံ ထင်ခဲ့ပါတယ်။ နောက်တစ်ခါထပ်ကြားတော့ ကျွန်မသားကြီး ပြေးလာပါတယ်။ သူက ဒါ မိုးကြိုးပစ်သံ မဖြစ်နိုင်ဘူးပြောတော့ ကျွန်မတို့ မိသားစု အိမ်ဘေးက မြောင်းနားလေးမှာ ဝပ်နေခဲ့ကြပါတယ်။ မနက်မိုးလင်းမှ အိမ်ပြန်ကြတာပါ ”ဟု  ဒေါ်သူဇာက ထိုနေ့က အဖြစ်အပျက်ကို ပြောသည်။

ဖမ်းဆီးစစ်ဆေးခြင်းခံခဲ့၇ပြီး ဇွန်လ ၂၃ ရက်နေ့က အာမခံဖြင့် အချုပ်မှလွတ်လာ၍  မိမိအိမ်သို့ ပြန်လာသောအခါ လက်ဝတ်ရတနာထည့်ထားသော သေတ္တာကို ရိုက်ချိုးထားပြီး လက်ကောက် တစ်ကွင်း ၅ မူးသား၊ စုစုပေါင်း ရွှေလက်ကောက် ၅ ကွင်းမှာ ပျောက်ဆုံးနေပြီး အိမ်မွေးကြက်များပါ မရှိတော့ကြောင်း သူမက နိရဥ္စရာသတင်းဌာနသို့ ဆက်ပြောသည်။

ဖမ်းဆီးခံထားရသူများနှင့်ပတ်သက်ပြီး သိရှိလိုသဖြင့် အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်ရာ  တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးမှ “ကျွန်တော်တို့လည်း ဖမ်းထားတာက နှစ်ရက်လောက်ပဲ ရှိသေးတာဆိုတော့ ဘယ်အမှုနဲ့၊ ဘယ်ပုဒ်မနဲ့ တရားစွဲမယ်ဆိုတာကို မသိရသေးပါဘူး။ အခုက သူတို့ကို  စစ်ဆေးရုံပဲရှိပါသေးတယ်” ဟု ပြောသည်။


ဇွန်လ ၂၂ ရက်နေ့ နံနက် ၃ နာရီ မိနစ် ၄၀ ခန့်တွင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း၀တွင် ရပ်နားထားသည့် ပင်လယ်သွား တပ်မတော် တွဲဆွဲရေယာဉ်တစ်စီးကို AA က ရှော့တိုက်ဒုံးဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ ၂ ချက်ပေါက်ကွဲ ထိမှန်ပြီး  တပ်မတော်သား ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၎င်းတိုက်ခိုက်မှု အပြီးတွင် ရှော့တိုက် ဒုံးဖြင့် ပစ်ခတ်ခဲ့သည့်နေရာအနီးရှိ ခြံစောင့်အိ်မ်မှ မိသားစု ၄ ဦးနှင့် ၎င်းခြံနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.