Preview

တပ်မတော်၏ ဖမ်းဆီးစစ်ဆေးခံနေရသူထဲမှ ကိုဇော်ဝင်းလိူင် ဒဏ်ရာဖြင့် စစ်တွေဆေးရုံကြီးတွင် ယနေ့သေဆုံး

ဇူလိုင် ၀၁/ ၂၀၁၉ | ကြည့်ရှုသူ :7184
ရခိုင် သတင်း

သိန်းဇော်(မောင်တော)

နိရဥ္စရာ၊ ဇူလှိုင် ၁/ ၂၀၁၉

တပ်မတော်၏ ဖမ်းဆီးစစ်ဆေးခံနေ၇သူများထဲမှ တစ်ဦးဖြစ်သူ ကိုဇော်ဝင်းလိူင်သည် ယနေ့ ညနေ ၆ နာရီကျော်က သူရရှိထားသည့်  ဒဏ်ရာဖြင့် ရခိုင်ပြည်နယ် စစ်တွေဆေးရုံကြီးတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။ 

ကိုဇော်ဝင်းလိူင်သည် မသေဆုံးမီ အချိန်ပိုင်း အနည်းငယ်အတွင်း သွေးအကြိမ်ကြိမ်အန်ပြီး အောက်စီဂျင်သွင်းထားခဲ့ရကြောင်း၊ နောက်ဆုံးတွင် သွေးအန်မှု ပြင်းထန်လာပြီး သေဆုံးသွားကြောင်း လူနာစောင့်အဖြစ်ပါလာသည့် ကျောက်တော်မြို့နယ် လူမှုကူညီရေး အဖွဲ့မှ ဒေါ်ဝါဝါရွှေက နိရဥ္စရာသို့ ပြောသည်။

အဆိုပါသေဆုံးသွားသူမှာ မြောက်ဦးမြို့နယ် ရွှေထွန်းဖြူကျေးရွာမှ ဦးတင်မောင်၏သား ကိုဇော်ဝင်းလှိုင် (၂၈)နှစ်ဖြစ်ကြောင်း သိရသည်။

မိသားစုဝင် တစ်ဦးဖြစ်သူ ဦးစိုးသိန်းက “ သူက ကျနော်ညီမလေးမှာ သားပါ။ သူက  ဝေသာလီဘုရားမှာ လက်သမားလုပ်တာပါ။ ဇွန် ၂၀ ရက်နေ့က သူတို့ ထမင်းစားပြန်တဲ့အချိန်မှာ စစ်တပ်ကလမ်းမှာ ဖမ်းဆီးတယ်။ ပြီးရင် ရိုက်နှက်ပြီးညှဉ်းပန်း စစ်ဆေးတယ်။ ပြီးရင် ကျောက်တော်ရဲစခန်းကို ပို့ထားခဲ့တယ်။ သူ့ကိုဖမ်းသွားတာကိုလည်း မသိဘူး။ ရရက် ၈ရက်လောက်ကြာမှ ကျောက်တော်ရဲစခန်း အချုပ်ထဲမှာတွေ့တယ်။ သူ့ကိုတွေ့တော့ နေမကောင်းဘူး။ စစ်တပ်က ရိုက်ထားတာ သွေးတွေအန်တယ်။ မနေ့က ကျောက်တော်ဆေးရုံကနေ စစ်တွေ ဆေးရုံးကို ယူလာတာ ဒီနေ့ ညနေ ၆နာရီ ကျော်လောက်မှ ဆုံးပါတယ်” ဟု ပြောသည်။

AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံ၇သူ ၃ ဦးထဲမှ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ကလည်း ကျောက်တော် ဆေးရုံတွင် ဆေးကုသနေ၇သည့် အသက် ၂၀အရွယ် ပေါက်တောပြင်ကျေးရွာမှ ကိုနေမျိုထွန်း သေဆုံးသွားခဲ့သည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သို့ မေးမြန်းရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား မေးမြန်းရာ အစည်းအဝေးသို့ ရောက်ရှိနေကြောင်း ပြောကြားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ၎င်းသတင်းအား မရရှိသေးကြောင်း၊ နောက်တစ်နေ့ မနက်မှ သိရှိ၇မည် ဖြစ်ကြောင်း ပြောကြားသည်။

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.