Preview

ရခိုင်ကျောင်းသားသမဂ္ဂနှင့် ဗကသမှကျောင်းသား ခေါင်းဆောင်များတွေ့ဆုံပြီး ရခိုင်အရေးဆွေးနွေး

ဇူလိုင် ၀၁/ ၂၀၁၉ | ကြည့်ရှုသူ :2792
ရခိုင် သတင်း

ဆောင်းဇာခြည်
စစ်တွေ၊ ဇူလိုင် ၁/၂၀၁၉

ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ - ရန်ကုန်)နှင့် ရခိုင်ပြည် ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်းသားခေါင်းဆောင်များသည် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ တို့သည် ဇွန်လ ၂၉ ရက်နေ့တွင် တွေ့ဆုံပြီး ရခိုင်အရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

 “လက်ရှိရခိုင်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတာပါ။ ရခိုင်က တက္ကသိုလ်ကျောင်းသား၊ သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေရယ်။ ရခိုင်ပြည်သူတွေ ခံစားနေရတဲ့ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုတွေ၊ လက်ရှိရခိုင်ပြည်မှာ အခွင့်အရေးတွေ ပိတ်ပင် ခံနေရတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်”ဟု ရက္ခိုင် ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ - ရန်ကုန်)အဖွဲ့မှ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်စွာလင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့တို့က ကမ်းလှမ်းမှုကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိ၇သည်။


“ကျွန်တော်တို့ ဒီဆွေးနွေးပွဲလုပ်လိုက်တဲ့ ရလဒ်ကတော့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ရခိုင်ကျောင်းသား၊ သူတွေရဲ့ အသံထွက်လာဖို့ မျှော်လင့်ပါတယ်။ နောက်ကျောင်းသားတွေရဲ့ အခွင့်ရေးဆုံးရှုံးနေမှုတွေ အသံတစ်သံထွက်လာဖို့လည်း မျှော်လင့်ထားတယ်။ ခုလက်ရှိမှာ ရခိုင်ပြည်သူတွေခံစားနေရတဲ့ အခွင့်ရေးဆုံးရှုံးမှုတွေရဲ့ အသံကိုလည်း ဒီရခိုင်တစ်သံတည်းမဟုတ်ဘဲ ပြည်မမှာလည်းပဲ နားလည်ပေးတဲ့ သူတွေရှိပါတယ်ဆိုတဲ့ အသံထွက်စေချင်ပါတယ် ”ဟု ကိုကျော်စွာလင်းက ပြောသည်။

အစည်းအဝေးသို့ သမဂ္ဂများ၏  ပြောရေးဆိုခွင့်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

 ရက္ခိုင်ကျောင်းသားများ သမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်)အနေဖြင့် ၇ခိုင်ပြည်သူများ၏ ခံစားချက်ကို နားလည် ပေးနိုင်သည့် မည်သည့် အဖွဲ့စည်းနှင့်မဆို ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဓာတ်ပုံ - ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ - ရန်ကုန်)

#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.