Preview

စစ်ကြောရေးကြောင့်သေဆုံးသွားရသူများအတွက် တရားမျှတမှုကို ရခိုင်လူငယ်အချို့ တောင်းဆို

ဇူလိုင် ၀၃/ ၂၀၁၉ | ကြည့်ရှုသူ :8316
ရခိုင် သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ ဇူလိုင် ၂

ရခိုင်ပြည်နယ်အတွင်း စစ်ကြောရေးကြောင့်သေဆုံးသွားရသူများအတွက် တရားမျှတမှုအလိုရှိသည်ဟုဆိုကာ ရခိုင်လူငယ်အချို့က သရုပ်ပြမှုပြုလုပ်ကာ တောင်းဆို လိုက်ကြောင်း သိ၇သည်။

ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် သရုပ်ပြ ပါဖော့မန့် ပြုလုပ်ကာ ယခုကဲ့သို့တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

"အဓိက ရည်ရွယ်ချက်က လက်ရှိ ကျနော်တို့ ရခိုင်ပြည်နယ်မှာဖြစ်နေကြတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို သက်ဆိုင်ရာလူတွေ သေသေချာချာ မြင်အောင် ကျနော်ရခိုင်လူငယ်တွေက ပေါင်းစပ်ပြီးတော့ အခုလို ပါဖော့မန့် လုပ်ရတာပါ"ဟု ဦးဆောင်ပါဝင်သူ ကိုသန်းလှက နိရဥ္စရာကိုပြောသည်။

ယင်းသို့တောင်းဆိုရာတွင် "စစ်ကြော စစ်ဆေးရေးကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများအတွက် တရားမျှတမှုကို အလိုရှိသည်"၊ "အရပ်သားပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းများ ရပ်"၊ "မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများ ချက်ချင်းရပ်"၊ "ရခိုင်တွေမှာလည်း အသက်နှင့်ပါ" "စစ်ပွဲများ ချက်ချင်းရပ်တန့်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြပါ"စသည့် စာသားများပါသည့် ဆိုင်းဘိုးများကို ကိုင်ဆောင်တောင်းဆိုခဲ့ကြသည်။


"ရခိုင်မှာဖြစ်နေတဲ့ စစ်ပွဲတွေကြားထဲမှာ လူငယ်တွေ၊ ပြည်သူလူထုတွေကို အသုံးမချဖို့၊ ပြီးတော့ လူသားတစ်ယောက်ကို လူသားတစ်ယောက်လို ကိုယ်ချင်းစာပြီးတော့ သွားလာခွင့်တွေ၊ လူသားတစ်ယောက်အတွက် အခြေခံ၇ပိုင်ခွင့်တွေကို အပြည့်အ၀ပေးဖို့ကို ကျမတို့အနေနဲ့ပြောချင်ပါတယ်။"ဟု တောင်းဆိုရာတွင် ပါဝင်သူ မဦးခင်သိန်းက ပြောသည်။


အဆိုပါတောင်းဆိုမှုကို ခွင့်ပြုချက်မဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်းဆိုမှုသည် နာရီပိုင်းခန့်ကြာမြင့်ခဲ့ကြောင်းလည်း သိ၇သည်။


ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်ဆက်နွယ်သည်ဟု သံသယနှင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် အရပ်သားပြည်သူအချို့သည် စစ်ဆေးခံနေရစဉ် သေဆုံးသွားမှုများပေါ်ပေါက်လျက်ရှိကြောင်းလည်း သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.