Preview

ရခိုင်အရေးနှင့်ပတ်သက်ပြီး အချက်(၄)ချက်ပါ ကြေညာချက် ANP ထုတ်ပြန်

ဇူလိုင် ၀၃/ ၂၀၁၉ | ကြည့်ရှုသူ :6697
ရခိုင် သတင်း

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇူလိုင် ၃/၂၀၁၉

ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သက်ပြီး အချက် (၄) ချက်ပါ သဘောထား ကြေညာချက်တစ်စောင်ကို ၇ခိုင်အမျိုးသားပါတီ (ANP) မှ ယနေ့ ဇူလှိုင် (၃) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ တိုင်းကို ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အား ချန်လှပ်ထားခြင်းကို ပြန်လည် ပြင်ဆင်ပေးရန်၊ ရခိုင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားမှုကြောင့် နေရပ် စွန့်ခွာနေရသည့် စစ်ဘေးဒုက္ခသည်များအား နိုင်ငံတော် အစိုးရ အနေဖြင့် လုံလောက်သော အကူအညီပေးရန်နှင့် ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ နှင့် အလှူရှင်များအား သွားရောက်လှူဒါန်း ကူညီနိုင်ရေး ဆောင်ရွက် ပေးရန်၊ ရခိုင်ပြည်နယ်တွင် စစ်ပွဲဖြစ်ပွားနေသည့် ဒေသများမှ ပြည်သူများအား သံသယဖြင့် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် စစ်ဆေး နေမှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှုများ ရှိနေရာ ဥပဒေမဲ့ လုပ်ရပ်များအား ရပ်တန့်ရန်နှင့် ပြစ်မှုကျူးလွန်သူများအား အရေးယူပေးရန်၊ လက်ရှိဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခ ကြောင့် လူထု၊ အသက်၊ အိုးအိမ် စည်းစိမ်များကိုပါ ဆိုးရွားစွာ ထိခိုက်လျက်ရှိသောကြောင့် စစ်ရေးပဋိပက္ခ များကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာရန် တိုက်တွက်တောင်းဆိုထားသည်။

အဆိုပါ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP မှ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ အဓိက ကတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီ ဆိုတာ တရာဝင်နိုင်ငံရေး မှတ်ပုံ တင်ထားတဲ့ ပါတီတစ်ခုဖြစ်တဲ့အတွက် တရားဥပဒေနဲ့အညီ ကျနော်တို့မှာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ လက်ရှိ ဒုက္ခခံစားနေကြရတဲ့ ရခိုင်ပြည်သူတွေ အတွက်  အလွန်တရာ ဝမ်းနည်း ကြေကွဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ တစ်ရပ်လုံးက နေပြီးတော့ ဒီဟာတွေကို တရားဝင် နိုင်ငံရေး ပါတီတစ်ခု အနေနဲ့ တောင်းဆိုတင်ပြသင့်တဲ့အတွက် ကျနော်တို့က အချက် ၄ ချက်ကို တင်ပြတောင်းဆိုလိုက်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယခုလို ကြေညာချက် ထုတ်ပြန်ရခြင်းမှာ မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာ့တပ်မတော်တို့ အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ အပေါ် လူသားချင်းစာနာ ထောက်ထားမှုအား အလေးအနက်ထားရန် ရည်ရွယ် ထုတ်ပြန်၇ခြင်းဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.