Preview

ရခိုင်စစ်ရေးနှင့်ပတ်သက်ပြီး ကျောင်းသားသမဂ္ဂ (၃) ခုမှ သဘောထားထုတ်ပြန်

ဇူလိုင် ၀၃/ ၂၀၁၉ | ကြည့်ရှုသူ :6495
ရခိုင် သတင်း

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိုင် ၃/ ၂၀၁၉

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ လက်ရှိဖြစ်ပေါ်နေသော အစိုးရ စစ်တပ်၏ ထိုးစစ်ဆင်မှုများနှင့်ဆက်စပ်၍ ရခိုင်ပြည် ကျောင်းသားများ သမဂ္ဂ၊ ရက္ခိုင်ကျောင်းသားများသမဂ္ဂ( တက္ကသိုလ်များ ရန်ကုန်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲချုပ်တို့သည် သဘောထား(၁၁) ချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

၎င်းထုတ်ပြန်ချက်တွင် စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများတွင် တပ်မတော်အနေဖြင့် စခန်းချခြင်းများ မပြုလုပ်ရန်၊ စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးမည့် ပြည်တွင်း ပြည်ပအကူအညီများခွင့်ပြုရန်၊ အင်တာနက်လိုင်း ဖြတ်တောက် ထားမှုများကို ပြန်လည်ရုတ်သိမ်းပေးရန် စသည့်အချက် (၁၁) ပါဝင်သည်ဟု သိရသည်။

“ ကျောင်းသားတွေမှာရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေတွေ အပေါ် ကျောင်းသားတွေရဲ့အမြင်ကို ဖော်ပြလိုတဲ့အတွက် ဖြစ်ပါတယ်။ ဥပမာပြောရရင် တချို့စာသင်ကျောင်းတွေမှား တပ်မတော်က စခန်း ချတာတွေရှိတယ်။ ရွာသားတွေကို ဖမ်းပြီးစစ်ဆေးတာတွေရှိတယ်။ ဒါတွေက ကျောင်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု တွေကို ထိခိုက်စေတဲ့ အတွက် ထုတ်ပြန်ရတာပါ။” ဟု ရက္ခိုင်ကျောင်းသားများ သမဂ္ဂ (တက္ကသိုလ်များ ရန်ကုန်) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ပြည်တွင်းစစ်နှင့်အတူ စစ်အသုံးစရိုက်များကြောင့် ပညာရေး၊ ကျန်းမာရေး အသုံးစရိုက်ပို မိုမြင့်မားလာမှုသည် ကျောင်းအသုံးစရိတ် အားနည်း လာစေပြီး ၇ခိုင်ပြည်တွင်းနှင့် ချင်းပြည်နယ် ပလက်၀ဖက်တွင်လည်း မတရာဖမ်းဆီးမှုများမဖြစ်စေလိုခြင်းကြောင့် လူအခွင့်အရေး မချိုးဖောက် စေရေးကိုလည်း ကြေညာချက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

“ မြန်မာ့အစိုးရစစ်တပ်က ရခိုင် နဲ့ ချင်း ပြည်နယ်တွေမှာ ထိုးစစ်ဆင်မှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကျောင်းသား သမဂ္ဂတွေ တွေ့ဆုံပွဲလုပ်လိုက်တာပါ။ ပြည်တွင်းစစ်ဟာ စစ်အသုံးစရိတ်များလာတာ တွေကြောင့် ပညာရေး၊ ကျန်းမာရေး အသုံးစရိုက်ဟာပိုပြီးမြင့် လာတယ်။ ပညာရေးအသုံးစရိုက် အားနည်းတဲ့အတွက် မြန်မာနိုင်ငံပညာရေး ကျဆုံးမှုတွေရှိလာတယ် ” ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောင်းသားသမဂ္ဂများက တောင်းဆိုမှုဖြစ်ခြင်းကြောင့် အစိုးရက မျက်ကွယ်ပြုမည် မထင်ကြောင်း၊ တောင်းဆိုချက်အားလုံးအား  လက်မခံ သည်ဖြစ်စေ လက်ခံသည် ဖြစ်စေ အစိုးရအနေဖြင့် စဉ်းစား ဆောင်ရွက်လိ်မ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း သူက ပြောသည်။

အဆိုပါကျောင်းသားသမဂ္ဂများ၏ တွေ့ဆုံပွဲကို  ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်ခဲ့ပြီး ကြေညာချက်အား ဇူလိုင်လ ၂ ရက်နေ့ကထုတ်ပြန်လိုက်ကြောင်းသိ၇သည်။

(ကျောင်းသားသမဂ္ဂ၃ ဖွဲ့၏ တောင်းဆိုချက် ၁၁ ချက်)

၁။       စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် တပ်စွဲစခန်းချခြင်းများ မပြုလုပ်ရန်
၂။       ကျောင်းသားကျောင်းသူများကို မတရားဖမ်းဆီးစစ်ဆေးခြင်းများမပြုလုပ်ရန်
၃။       စစ်ဘေးရှောင်ပြည်သူများကို ကူညီမည့် ပြည်တွင်း ပြည်ပမှ အကူအညီများ ခွင့်ပြုရန်
၄။       အစိုးရမှ စစ်ဘေးရှောင်ပြည်သူများအတွက် လုံလောက်သည့် ကူညီထောက်ပံ့မှုများပေးရန်
၅။       စစ်ဘေးရှောင်စခန်းများရှိ ကလေး လူငယ်များ ပညာသင်ကြားရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်
၆။ အင်တာနက်လိုင်းဖြတ်တောက်ထားမှုများကို ပြန်လည်ရုတ်သိမ်းပေးရန်
ရ။  မြို့ရွာများအတွင်းရှိ လူနေ အိမ်များသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ မပြုလုပ်ရန်
၈။  ဒေသခံပြည်သူများကို မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်းများ မပြုလုပ်ရန်
၉။ အစိုးရ စစ်တပ်အနေဖြင့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများအား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကို အမြန်ဆုံးရပ်စဲရန်နှင့်
၁၀။ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန်
၁၁။ ရခိုင်ပြည်နယ်အတွင်း၌ ရက္ခိုင့်တပ်တော် (AA)၏ တည်ရှိမှုသည် ရခိုင်ပြည်သူများ၏ ဆန္ဒသဘောထားပေါ် မူတည်၍ စဉ်းစားဆုံးဖြတ်၇မည်။

#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.