Preview

မြေပုံမြို့နယ် ပေါက်တူးတောင်ရွာတွင် ယောက္ခမနှင့်သမက်ဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရ

ဇူလိုင် ၀၆/ ၂၀၁၉ | ကြည့်ရှုသူ :7496
ရခိုင် သတင်း


နိရဥ္စရာ၊ ဇူလိူင် ၆/ ၂၀၁၉

မြေပုံမြို့နယ်၊ ပေါက်တူးတောင်ရွာမှ ဦးမောင်ဘကျန်နှင့် သမက်ဖြစ်သူတို့ ဇူလိူင် ၅ ရက် ည ၈ နာရီကျော်အချိန်ခန့်တွင် လုပ်ကြံ သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ ပေါက်တူးတောင်ရွာ၊ အောင်သပြေရပ်ကွက်မှ မောင်ဘကျန် (၅၈) နှစ်နှင့် သမက်ဖြစ်သူ ပိုင်သက်ကျော် (၂၆) နှစ် တို့ဖြစ်ကြောင်း သိရသည်။

ပေါက်တူးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ရွှေက “ ဖြစ်တာက ည ၈ နာရီကျော်မှာဖြစ်တာပါ။ ကျွန်တော်က ကမ်းထောင်းကြီး စခန်းမှူး လာရောက်စစ်ဆေးတဲ့ အချိန်မှာ အိမ်ကို အတူ သွားရောက်စစ်ဆေးတော့ ကျည်ဆံခွံ ရ ခုတွေ့ပါတယ်။ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေလည်း တွေ့ပါတယ်။ လည်ပင်းတွေမှာလည်း ပြတ်ရှဒဏ်ရာတွေတွေ့ရပါတယ်။ ဘယ်နှချက်ထိတယ်ဆိုတာကိုတော့ ဆေးရုံက စစ်ဆေးပြီးမှ သိရမယ်လို့ စခန်းမှူးက ပြောပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

အိမ်ထဲသို့ မိုးကာအင်္ကျီ ခေါင်းချုပ်ကို ဦးခေါင်းကို ချုပ်ပြီး လူနှစ်ဦး ဝင်ရောက်လာပြီး တစ်ဦးမှာ အိမ်ပြင်တွင် ကျန်နေခဲ့ကြောင်း၊ ဦးမောင်ဘကျန်အား အိမ်ထဲ မီးဖိုချောင်းတွင် လဲ၍ သေဆုံးနေသည်ကို တွေ့ရပြီး သမက်ဖြစ်သူ ပိုင်သက်ကျော်ကို အိမ်ရှေ့ ၀ရန်တာတွင် သေဆုံးလျက်တွေ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းသို့ ဆက်သွယ်ရာ ၎င်းလုပ်ကြံသတ်ဖြတ်မှုမှာ မှန်ကန်ကြောင်း ပြောကြားသည်။

“ ကျွန်တော်ကို ရွာသားတွေသတင်းပေးပို့ချက်အရ သိ၇တာက မျက်နာဖုံး ခေါင်းစွပ်ထားတဲ့ လူ ၃ ဦးကနေ ညနေ ထမင်းစားနေချိန်မှာ သေနတ်နဲ့ ဝင်ပစ်သွားတယ်လို့ သိရတယ်။ သူတို့က စားသောက်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

မြေပုံမြို့နယ် ကမ်းထောင်းကြီး ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိက “ အသတ်ခံရတာ မှန်ကန်ပါတယ်။ နှစ်ဦး အသတ်ခံရတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ စခန်းက သွားရောက်စစ်ဆေးနေတုန်းဖြစ်ပြီး ပြန်မရောက်သေးတဲ့ အတွက် အသေးစိ်တ် မပြောနိုင်သေးဘူး” ဟု ပြောကြားသည်။

ယခုအခါ အလောင်းများကို မြေပုံမြို့နယ် ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံသို့ ဆေးစစ်ချက်ယူရန် နာရေးကားဖြင့် သယ်ယူနေကြောင်း ရွာသားတစ်ဦးက ပြောသည်။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.