English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
အမ်းမြို့နယ်ဓာတ်တော်ရွာမှ ခိုင်သုခဆွေမျိုးတစ်ဦးအပါအဝင်လူနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွား
ဇူလိုင် ၀၇/ ၂၀၁၉ | ကြည့်ရှုသူ :1328
ရခိုင် သတင်း
ခိုင်လူလှ
နိရဥ္စရာ၊ ဇူလိူင် ၇/ ၂၀၁၉
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဓာတ်တော်ကျေးရွာမှ ရက္ခိုင်တပ်တော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခ၏ ဆွေမျိုးတော်စပ်သူ တစ်ဦးအပါအဝင် လူနှစ်ဦးကို စစ်တပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားပြီး ယခုအခါ ၎င်းတို့အား အမ်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။
ဓာတ်တော်ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းက မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားကြောင်း နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
“ မနေ့က နံနက် ၈ နာရီ ၉ နာရီလောက်မှာ ခေါ်ယူသွားတာပါ။ ကျွန်တော်ဆီကိုတော့ အကြောင်းကြားပါတယ်။ ဒီလူ ဒီလူတွေကို မေးမြန်းစရာရှိတဲ့အတွက် ခေါ်ယူသွားမယ်ဆိုပြီး အဲသလို အကြောင်းတာရှိပါတယ်။ ဘာကြောင့်ခေါ်ယူတယ်။ ဘာကြောင့် မေးမြန်းစရာရှိတယ်ဆိုတာတော့ မပြောပါဘူး။ မေးစရာရှိတယ်လို့ဘဲ ပြောပါတယ်” ဟု ၎င်းက ပြောကြားသည်။
ခေါ်ယူခြင်းခံ၇သူ ၃ ဦးမှာ ခိုင်သုခ၏ ယောက်ဖတော်စပ်သူ ရွာလယ်ပိုင်းမှ မောင်ဖြူသန်း၊ ရွာထိပ်မှ ဦးစံအောင်ကျော်နှင့် ပေါက်တောမြို့နယ်မှ ဦးရဲဘော်သူတို့ဖြစ်ကြောင်း ၎င်းကအတည်ပြု ပြောကြားသည်။
ဦးမောင်ဖြူသန်း၏ ဆွေမျိုးတော်စပ်သူ တစ်ဦးကလည်း စစ်ဆေးစရာရှိသည်ဟု ဆိုကာ ကားဖြင့် ခေါ်ယူသွားခြင်းဖြစ်ပြီး လောလောဆယ် အမ်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သတင်းရ၍ မိသားစုများ အမ်းသို့သွားနေကြောင်း ပြောကြားသည်။
အမ်းမြို့မရဲစခန်းမှူးသို့ ယနေ့နံနက် ၉ နာရီခွဲက ဖုန်းဆက်သွယ်ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။
#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.