သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တပ်ကဖမ်းဆီးထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးမှုအချို့နှင့်စပ်လျဉ်း၍ ခုံရုံးဖွဲ့စစ်ဆေးမည်ဟုသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 6.9k

နိရဥ္စရာ၊ ဇူလိူင် ၁၂/ ၂ဝ၁၉

ရခိုင်ပြည်နယ် အတွင်း ရက္ခိုင်တပ်တော် (AA) နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီး စစ်ဆေးနေစဉ် သေဆုံးသွားသူများနှင့် ပတ်သက်ပြီး အမှန်အတိုင်း ဖြစ်စေရန် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း စစ်ဆေးသွားမည် ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ယနေ့သတင်းထုတ်ပြန်သည်။

သေဆုံးမှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ အမှန်အတိုင်းပေါ်ပေါက်စေရန် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က တပ်မတော်နည်းဥပဒေ ၁၇၆ နှင့်အညီ ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

စစ်ဆေးမည့် အထဲတွင် မင်းပြားမြို့နယ် ပန်းမြောင်း (သပေါ့စာ) ၁ ဦး၊ မြောက်ဦးမြို့နယ် လက္ကာဖြစ်စဉ်မှ ၃ နှင့် ဝေသာလီ လက်သမား ၂ ဦးသေဆုံးမှု ဖြစ်စဉ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းဖြစ်စဉ်မှ ၈ ဦးနှင့် ကျောက်တော်မြို့နယ် မင်းသားတောင်မှာ ရွာသား တစ်ဦး သေဆုံးမှု ဖြစ်စဉ်များ ပါဝင်ကြောင်း သိရှိရသည်။

ထုတ်ပြန်ချက်အရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ခုံရုံးဖွဲ့စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။



ဆက်စပ် သတင်းများ