Preview

ဘူးသီးတောင်နှင့် မြေပုံမြို့နယ်များတွင် တိုက်ပွဲထပ်မံဖြစ်ပွား

ဇူလိုင် ၁၈/ ၂၀၁၉ | ကြည့်ရှုသူ :9629
ရခိုင် သတင်း

နိရဥ္စရာ၊ ဇူလိူင် ၁၈/ ၂၀၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မြေပုံမြို့နယ်များတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့အကြား ယနေ့ ဇူလိူင် ၁၈ ရက်နေ့ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဒေသခံ တစ်ဦးက “ ဒီကနေ့ နံနက် ရ နာရီခွဲ ၈  နာရီလောက်မှာ ဥယျာဉ်သာ ကျေးရွာအနီးမှာ စဖြစ်တယ်။ ဆင်သေပြင်ဘက်လာတဲ့ တပ်မတော် စစ်ကြောင်းနဲ့ AA တို့အကြား ဥယျာဉ်သာနဲ့ ရှပ်ရှားတောင်အကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလည်း သေနတ်သံတွေကြားနေရပါတယ်။ ရှပ်ရှားတောင်ရွာထဲကတော့ မီးခိုးလုံးတွေ ထွက်လာတာကို မြင်ရပါတယ်။ ဘာဖြစ်နေတယ်ဆိုတာကို ညနေပိုင်းလောက်မှ သိ၇မှာ ဖြစ်ပါတယ်” ဟု  ယနေ့ နံနက် ၁၀ နာရီခန့် ဖုန်းဆက်ပြောဆိုသည်။

ယခုတိုက်ပွဲမှာ ယမန်နေ့က အဆက်ဖြစ်ပြီး တိုက်ပွဲမှာပြင်းထန်ကြောင်းပြောကြားသည်။ ဇူလိူင်လ ၁၇ ရက်နေ့က ဘူးသီးတောင်မြို့နယ်မှ နေရာ ၄ ခုတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကံပြင်ရွာအနီးရှိ အသည်းချောင်းတိုက်ပွဲမှာ ပြင်းထန်ပြီး တပ်မတော်မှ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့၇သည်ဟု ဆိုသည်။

ယနေ့နံနက် အစောကြီး ညဉ့် ၁ နာရီနှင့် ၂ နာရီအကြားတွင်လည်း ရေစိုးချောင်းနှင့် ခရုချောင်းအကြား ငရန့်ချောင်းကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

၎င်းပြင် မြေပုံမြို့နယ် မဲသံကြိုးကျေးရွာအနီးတွင်လည်း ယနေ့ နံနက် ၁၀ နာရီက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းသို့ ဆက်သွယ်ရာ ၎င်းက “ အခုဖြစ်တဲ့ နေရာက ကျွန်တော်တို့ရွာနဲ့တော့ ၈ မိုင်လောက်ဝေးပါတယ်။ ဒုက္ကံရွာနဲ့ မဲသံကြိုးရွာအကြား မဲချောင်းကူးတို့ဆိပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ တပ်ရာနဲ့ ကမ်းထောင်းကြီးနဲ့ နီးတယ်။ သေနတ်သံ စကြား၇တာကတော့ မနက် ၁၀ နာရီပတ်ဝန်းကျင်လောက်မှာ စကြားရပါတယ်” ဟု ပြောကြားသည်။

သေနတ်သံများကို ကမ်းထောင်းကြီးမြို့မှ ကြာခဲ့ရသည်ဟု သိရှိရသဖြင့် ဒေသခံ တစ်ဦး ဆက်သွယ်မေးမြန်းရာ ၎င်းက “ ဟုတ်ပါတယ်။ လက်နက်ကြီးထုသံတွေကို ကြားရပါတယ်။ မဲသံကြိုးအနားမှာပါ။ ကမ်းထောင်းကြီးကဆိုရင်
ဆိုင်ကယ်နဲ့ နာရီဝက်လောက် သွားရပါတယ်။ လက်နက်ကြီးလက်နက်ငယ်သံတွေကို ကျွန်တော်တို့ ကမ်းထောင်းကြီးရွာက ကြား၇ပါတယ်။ ၁၀နာရီ ဝန်းကျင်လောက်ကြားရပါတယ်။ အခုတော့ တိတ်သွားပါပြီ။ အေအေနဲ့ တိုက်ပွဲ ဖြစ်တယ်လို့ဘဲ သိရပါတယ်” ဟု ပြောကြားသည်။

၎င်းတိုက်ပွဲမှာ မဲသံကြိုးရွာနှင့် နီးသဖြင့် မဲသံကြိုးရွာသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.