စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးမြို့မှ ရှေးဟောင်းသမိုင်းဝင် မြတန်းဆောင်းအရံစေတီတစ်ဆူ ပြိုကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 2.4k

နောင်ခိုင်အောင်
နိရဥ္စရာ၊ ဇူလိုင် ၁၈/၂ဝ၁၉

မြောက်ဦးမြို့မှ ရှေးဟောင်းသမိုင်းဝင် မြတန်ဆောင်းစေတီတော်၏ အရံစေတီတစ်ဆူ မိုးကြီး၍ တစ်ခြမ်း ပြိုကျသွားကြောင်း သတင်းရရှိသည်။

ပြိုပျက်ခြင်းသည် ရှေးဟောင်းသုတေသန၏ ပြုပြင်ထိန်းသိမ်းမှုလုပ်ခဲ့စဉ် အရည်အသွေး မပြည့်မှီခဲ့ခြင်း အပါအဝင် မိုးဆက်တိုက်ရွာသွန်းရာမှပြိုကျပျက်စီးခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူ မြောက်ဦးရှေးဟောင်းသုတသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာသန်းထိုက်က ပြောသည်။

“အဲဒီစေတီက ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ဝဝဝ ခုနှစ်လောက်က ပြုပြင်ထားတဲ့စေတီတွေပါ။ အဲဒီတုန်းက နည်းပညာ အခက်အခဲကြောင့်ရယ်။ နောက်ပြီးတော့ ဒေသထွက်အုတ်တွေနဲ့လုပ်ထားတာဆိုတော့ အရည်အသွေး မပြည့်မှီတာလည်း ပါတာပေါ့။ ဒီကြားထဲ မိုးတွေကလည်း အဆက်မပြတ်ရွာခဲ့တာဆိုတော့ အခုလိုပြိုကျသွားတာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါစေတီသည် ဇူလိုင်လ ၁၃ ရက်နေ့က ပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ယခု ပြိုပျက်သွားသည့် စေတီပုထိုးများအား အလှူငွေများနှင့် ဌာန၏ ဘားဂျက်အပေါ်မူတည်၍ ရှေးမူမပျက် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်းလည်း သူက ပြောဆိုသည်။

 “အဲဒီစေတီက အရံစေတီပါ။ ရှေးသုကပြုပြင်ထားတဲ့စေတီပါ။ အဓိကတော့ ပြုပြင်တာ အရည်အသွေးမပြည့်လို့ ပြိုကျတာဖြစ်ပါတယ်” ဟု မြောက်ဦးရှေးဟောင်းယဉ်းကျေးမှုအမွေအနှစ်ထိန်သိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

ယခုပြိုပျက်သွားသည့်အရံစေတီသည်း လွန်ခဲ့သည့် ၁ဝ နှစ်က မြောက်ဦးရှေးဟောင်းသုတေသနဌနက ပြုပြင်ထားသည့်အရံစေတီတစ်ဆူဖြစ်သည်။

 “ပြုပြင်ထားတဲ့စေတီတွေက ပညာရှင်တွေနဲ့ လုပ်ထားတာမဟုတ်တဲ့အတွက် အခုလိုပြုကျတာဖြစ်နိုင်ပါတယ်။ ၂ဝ၁၇ ခုနှစ်တုန်းကလည်း ဒီရတနာပုံစေတီလည်း ခုလိုပြိုကျဖူးတယ်။ အရည်အသွေး အပြည့်မှီလို့ပေါ့လေ။ ပြုပြင်ထားတဲ့ အရာတွေက စေတီအတွင်းပိုင်းမှာကလည်း ခိုင်မှာမှုမရှိဘူး။ ဒီအတိုင်းပြုပြင်ထားတဲ့ အတွက်ကြောင့် လို့ထင်ပါတယ်” ဟု မြောက်ဦးမြို့ဒေသတစ်ဦးဖြစ်သည့် ဦးထွန်းနီဝင်းက ပြောသည်။

မြတန်ဆောင်းစေတီသည် မြောက်ဦးမြို့၏မြောက်ဘက်ခြမ်း မြတန်ဆောင်းဘုန်တော်ကြီးကျောင်းအနီးတွင် တည်ရှိပြီး မြောက်ဦးမြို့ကို စတင်တည်ထောင်စဉ်က တည်ထားခဲ့သော မြို့တည်စေတီတစ်ဆူလည်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ