Preview

AA နှင့်ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေ၇သူ ၅၆ ဦးကို စစ်တွေတွင် ရုံးထုတ်

ဇူလိုင် ၁၉/ ၂၀၁၉ | ကြည့်ရှုသူ :8349
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိူင် ၁၉∕ ၂၀၁၉

ရခိုင်ပြည်နယ်အတွင်းမှ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေ၇သူ ၅၆ ဦးကို စစ်တွေမြို့နယ်တရားရုံးတွင် ဇူလိူင် ၁၈ရက်နေ့က ရုံးထုတ်ခဲ့ကြောင်း သိရသည်။
 
ရုံးထုတ်သူ  ၅၆ ဦးမှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ၂၃ ဦး၊ အောက်သားကန်ကျေးရွာမှ ၅ ဦး၊ ချောင်းနား ဘုရားကြီးကျေးရွာ၊ ချောင်းသစ်ကျေးရွာနှင့် ကျောင်းတောင်ကျေးရွာ မှ ၁၃ ဦး ၊ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ၁ ဦးနှင့် မင်းသားတောင်ကျေးရွာမှ ၄ ဦး၊ မင်းပြားမြို့နယ်မှ ၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့တို့မှ လူဝတ်လဲခံထား၇သည့် သံဃာတော်နှစ်ပါး၊ ပေါက်တောမြို့မှ ၁ ဦး၊ ၇သေ့တောင်မြို့နယ် ၁ ဦး၊ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှ ၂  ဦးတို့ဖြစ်ကြောင်း သိရသည်။
 
“အမှုကတော့ စစ်ကိုမစစ်ရသေးပါဘူး။ စွဲချက်လည်း မတင်သေးဘူးလေ။ မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲတယ်။  တရားခံတွေက များတော့ မြောက်ဦးမှာ နေရာထိုင်ခင်းအဆင်မပြေဘူး။ အဲဒါကြောင့် စစ်တွေခရိုင်တရားရုံးကို ရုံးပြောင်းလျှောက်ထားတယ်။ ကျွန်မတို့ လျှောက်တာတော့ မဟုတ်ဘူးပေါ့နော်။ ဥပဒေက လျှောက်တာပါ။ ရုံးပြောင်းကျထားပြီဆိုတဲ့ အမိန့်မကျသေးတဲ့အတွက် အဲအမှုကို ရုံးချိန်းပေးနေတာပါ”ဟု လက္ကာရွာသားအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာ ထောက်ပံ့ကူညီရေးအဖွဲ့မှ ရှေ့နေဒေါ်မေသက်ခိုင်က ပြောသည်။
 
အဆိုပါလက္ကာကျေးရွာမှ  ဖမ်းဆီးစစ်ဆေးခံနေ၇သူ  ၂၄ ဦးရှိသော်လည်း အသက်မပြည့်သေးသော လူငယ်တစ်ဦးအား မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်သဖြင့် လက္ကာရွာမှ ၂၄ ဦးတွင် ၂၃ ဦးကို စစ်တွေမြို့နယ် တရားရုံးတွင် ယမန်နေ့က ရုံးထုတ်ခဲ့သည်။

၎င်းလူငယ်အား မြောက်ဦးမြို့နယ် တရားရုံးတွင် ဇူလိုင်လ ၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဇူလိုင် ၂၂ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ထပ်မံရုံးချိန်းလိုက်ကြောင်းလည်း သိရသည်။
 
စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှ သံသယဖြင့် ဖမ်းဆီးခံထားရသူတစ်ဦး၏ မိခင်က “ကျွန်မ သားလေးနဲ့ နောက်ကောင်လေးတစ်ယောက်  ကျန်ခဲ့ပါတယ်။ ကျွန်မသားလေးက သူ့ကို ရိုက်တယ်လို့  ပြောပါတယ်။ အခုထိ စွဲချက်လည်းမတင်သေးဘူး။ ရမန်ယူနေဆဲပါပဲ”ဟု  ပြောသည်။
 
စစ်တွေမြို့ ဆတ်ရိုးကျချောင်း၀တွင် တပ်မတော်တွဲဆွဲရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဇွန်လ ၂၂ ရက်နေ့တွင် သံသယဖြင့် ဖမ်းဆီးခံခဲ့ရသော ဆတ်ရိုးကျရပ်ကွက်မှ ဒေသခံ ၇ ဦးတွင်  ၅ ဦးမှာ ဇူလိုင်လ ၁၈ ရက်နေ့က့ လွတ်မြောက်လာခဲ့ပြီး ကျန် ၂ ဦးကို ဇူလိုင်လ ၂၂ ရက်တွင် စစ်တွေမြို့နယ် တရားရုံး၌ ထပ်မံရုံးချိန်းလိုက်ကြောင်းလည်း သိရသည်။
 
၇ခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်မှစ၍ ရက္ခိုင့်တပ်တော် AAနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူ ၁၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.