Preview

သံတွဲသို့ ဘိလပ်မြေအိတ်များတင်ဆောင်ခုတ်မောင်းလာသည့် ထာ၀ရအားမာန်ကုန်တင်သင်္ဘောနစ်မြုပ်၊ သင်္ဘောသားခုနှစ်ဦး ပျောက်ဆုံးနေ

ဇူလိုင် ၂၇/ ၂၀၁၉ | ကြည့်ရှုသူ :8810
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၂၇/ ၂၀၁၉

ရခိုင်ပြည်နယ် သံတွဲ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘော MV ထာ၀ရအားမာန်သည် ရာသီဥတု ဆိုးရွားမှုကြောင့် ဧရာ၀တီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်၊ ပြင်စလူမြို့  ပြာမလော့မြစ် ရေမိုင် ၇ မိုင်ခန့်အကွာတွင် ဇူလိူင် ၂၅ ရက်နေ့က နစ်မြုပ်သွားခဲ့သည်ဟု သတင်းရရှိသည်။

သင်္ဘောနစ်စဉ် သင်္ဘောပေါ်တွင် သင်္ဘောသား ၁၉ ဦး လိုက်ပါလာပြီး ၉ ဦးကို နစ်မြုပ်သည့်နေ့တွင်ပင် ရှာဖွေကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၃ ဦးကို ဇူလိူင် ၂၆ ရက်နေ့တွင် ထပ်မံရှာဖွေတွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ သတင်းထုတ်ပြန်ချက်အရ သိ၇သည်။

ကျန် ပျောက်ဆုံးနေသူ ရ ဦးကို ထပ်မံ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိ၇သည်။

၎င်းသင်္ဘော MV ထာ၀၇ အားမာန်ရေယာဉ်မှာ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ ရေယာဉ်မှူး ဦးဆန်းမင်း မောင်းနှင်၍ ရေယာဉ်လုပ်သား ၁၈ ဦး လိုက်ပါလျှက် ရခိုင်ပြည်နယ် သံတွဲမြို့ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းတွင် အသုံးပြုမည့် ဘိလပ်မြေအိတ်အလုံးရေ ၂၅၀၀၀ လုံး တင်ဆောင်ကာ ခုတ်မောင်းလာခဲ့သည်ဟု သိရသည်။

၇ခိုင်ပြည်နယ်ဖက်သို့ ထွက်ခွာလာစဉ် ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ရာသီဥတု ဆိုးရွားပြီး လိူင်းလေထန်၍ သင်္ဘောဘယ်ဘက်ခြမ်းမှာ တိမ်းစောင်းနစ်မြုပ်ခဲ့ကြောင်း သိ၇သည်။

(Photo from Tun Thant Kyaw facebook)


#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.