Preview

လူငယ် ၄ ဦးစုပေါင်းတည်ဆောက်သည့် စစ်တွေမြို့ဖူဆယ်ဘောလုံးကွင်းသစ် ဖွင့်လှစ်

ဇူလိုင် ၂၉/ ၂၀၁၉ | ကြည့်ရှုသူ :5818
ရခိုင် သတင်း

သန်းသန်း
စစ်တွေ၊ ဇူလိုင် ၂၉/၂၀၁၉

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူငယ် ၄ ဦး စုပေါင်းထည့်ဝင်ငွေဖြင့် တည်ဆောက်သည့် ဖူဆယ်ဘောလုံးကွင်း သစ်ကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

Rakhine Youth အမည်ပေးထားသော အဆိုပါ ဖူဆယ်ဘောလုံးကွင်းကို ဇူလိုင် ၂၈ ရက်နေ့က စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖူဆယ်ဘောလုံးကွင်းတွင် ဘောလုံးနည်းစနစ်မှန်ကန်စွာ ကစားလာနိုင်ပြီး လူငယ်များ အတွက် ဘောလုံး အားကစား ဖွံ့ဖြိုး တိုးတက်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဘောလုံးကွင်း တာဝန်ရှိသူ ကိုမျိုးသက်ကျော်က ပြောသည်။

 “ ကျွန်တော်တို့ ရခိုင်လူငယ်တွေ ဖူဆယ်နည်းစနစ်မှန်မှန်နဲ့ ဘောလုံးကန်တာ ပိုတိုးတက်လာအောင်  လုပ်တာ။ ရခိုင်လူငယ်တွေ ဘောလုံးအားကစားမှာ ဖွံ့ဖြိုး တိုးတက် လာစေရန်အတွက် တစ်ဖက်တစ်လမ်းကနေ ကျွန်တော်တို့ သူငယ်ချင်းလေးယောက်စုပြီး ပါဝင်လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ကိုမျိုးသက်ကျော်က ပြောသည်။

ဖူဆယ်ဘောလုံးကွင်းတွင်  လာရောက်ကစားသူများအား နိုင်ငံတကာနည်းပြ လိုင်စင် ရထားသူများက နည်းစနစ်ပိုင်း ပြသပေးမည်ဟုလည်း ဆိုသည်။

ယင်းဖူဆယ်ဘောလုံးကွင်းကို ပိတ်ရက်မရှိဖွင့်လှစ်သွားမည်ဖြစ်ပြီး ကွင်းအသုံးပြုခအဖြစ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ရ နာရီမှ နံနက် ၁၀ နာရီအတွင်း တစ်နာရီလျှင် ကျပ် ၁၃၀၀၀ နှင့် အခြားအချိန်များတွင် ကျပ် ၁၅၀၀၀  သတ်မှတ်ထားသည်ဟုလည်း သိရသည်။

အဆိုပါ ဘောလုံးကွင်းအသစ်ဖွင့်ပွဲသို့ ရခိုင်အဆိုတော် ဝင်းကိုခိုင်နှင့်အတူ လူပေါင်း သုံးရာနီးပါးတက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ရခိုင်အဆိုတော် ဝင်းကိုခိုင်က “ သူတို့က ဝါသနာကို အရင်းခံပြီး လုပ်ကြတာ။ လူငယ်တွေ ကလည်း အားကစားကို ပိုပြီးအာရုံစိုက်လာကြတယ်။ ဒီလိုမျိုးကွင်းနဲ့ကန်ရဖို့ဆိုတာလည်း ဒီဖက်ခေတ်မှာမှ အဆင်ပြေလာတာ။ မျိုးဆက်သစ် လူငယ်တွေ အားကစားအတွက် ကိုယ်တတ်ထားတဲ့အနုပညာနဲ့ တစ်ဖက်တစ်လမ်းက သူတို့လုပ်နိုင်စွမ်းအားကို အသိအမှတ် ပြုတဲ့အနေနဲ့ ဘောလုံးကွင်း အသစ်ဖွင့်ပွဲကို လာတက်ရောက်တာပါ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

စစ်တွေမြို့ အနောက်စံပြရပ်ကွက်တွင်လည်း အလားတူ ဖူဆယ်ဘောလုံးကွင်း တစ်ကွင်း ရှိကြောင်းလည်း သိ၇သည်။

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.