Preview

လိပ်မကျေးရွာမှ အသက်၂၃အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်ဆံထိမှန်၍ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ရ

ဇူလိုင် ၃၀/ ၂၀၁၉ | ကြည့်ရှုသူ :9444
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၃၀/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လိပ်မ ကျေးရွာမှ အမျိုးသမီးငယ် တစ်ဦး၏ တင်ပါးတွင် လက်နက်ကြီးကျည်စ ထိမှန်၍ ယခုအခါ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသမီးမှာ မမြတ်မြတ်သွယ် (၂၃) နှစ်(ဘ) ဦးအောင်လှစောဖြစ်ကြောင်း သိ၇သည်။

ဖခင်ဖြစ်သူ ဦးအောင်လှစောက “ ကျွန်တော်က လယ်မှာ ကမ်းသင်းဆည်နေပါတယ်။ နံနက် ၉ နာရီလောက်မှာ သေနတ်ပစ်သံတွေအဆက်မပြတ်ကြားရပါတယ်။ လက်နက်ကြီးသံလည်း ကြားရပါတယ်။ ခဏကြာတော့ ကျွန်တော်သမီးဆီက ဖုန်းဆက်ပါတယ်။ သူမရဲ့ ညာဘက် တင်ပါးက သွေးထွက်တယ်။ လက်နက်ကြီး ကျည်ဆံထိတာလား၊ ဗုံးဆံထိတာလာ မသိဘူးလို့ ပြောပါတယ်။ အိမ်ကို ရောက်တော့ လက်နက်ကြီးကျည်ကျပြီး ယောက္ခနေတဲ့ အိမ်ငယ်က လုံး၀ ပြိုသွားတယ်။ ကျွန်တော်အိမ်မှာက ဘုရားကျောင်း မှန်တွေကလည်း ကွဲသွားပါတယ်။ သမီးက ထမင်းချက်နေတုန်း နောက်တင်ပါးလာထိပါတယ်။ ဒဏ်ရာက ကြင်တယ်။ ထုံတယ်။ နာတယ်လို့ ပြောပါတယ်။ နောက်အန္တရာယ်ကိုစိုးရိမ်ပြီးအခု ကျောက်တော်ဆေးရုံကို ယူဆောင်လာပါတယ်” ဟု ပြောကြားသည်။ 

ဒေါင်းတောင်ယိုးကနေ စိန်ခြံရွာဘက်ကို တပ်မတော် စစ်ကြောင်းက ဖြတ်သွားကြောင်း၊ ထိုသို့ သွားစဉ် လိပ်မကျေးရွာအနီး ကန်ရှည်ပြင်အရောက်တွင် ပေါက်ကွဲသံများထွက်ပေါ်လာကြောင်း၊ ၎င်းနောက်စစ်တပ်က ပစ်ခတ်ကြောင်း၊ ၎င်းစစ်တပ်မှ ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည် ကျရောက်ပြီး ကျည်စ ထိမှန်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

လိပ်မကျေးရွာမှ အမျိုးသမီးတစ်ဦးက “ ဖြစ်တာက နံနက် ၉ နာရီလောက်မှာ ဖြစ်တာပါ။ သေနတ်သံတွေကန်ရှည်ပြင်အနီးက အဆက်မပြတ်ထွက်လာပါတယ်။ တိုက်ပွဲ ဖြစ်တာလား ဘာဖြစ်တယ်ဆိုတာ ကျွန်မတို့ မသိဘူး။” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဆက်သွယ်ရာ ဖုန်းလိုင်းမအားသေးဟု အကြောင်းပြန်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။ 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.