Preview

ကူတောင်ရွာသား ၃ ဦးကို စစ်တပ်က ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့

သြဂုတ် ၀၄/ ၂၀၁၉ | ကြည့်ရှုသူ :980
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၄/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကမ်း ကူတောင်ရွာမှ ရွာသား ၃ ဦးကို စစ်တပ်က ခေတ္တ ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ သူတို့သုံးဦးက မနေ့ နံနက် ၁၁ နာရီလောက်မှ နွားလွှတ်ဖို့သွားတဲ့ အချိန်မှာ စစ်တပ်က တွေ့တော့ ထိန်းသိမ်းခဲ့ပါတယ်။ ညနေ ရ နာရီလောက်မှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဘာမှတော့ မရှိပါဘူး။ ရိုက်တာနှက်တာလည်း မရှိဘူး။ အားလုံးကင်းကင်းရှင်းလို့ သိရပါတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း ပြောမသွားဘူးလို့ သိရပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

၎င်းကူတောင်ရွာသား ၃ ဦးမှာ ဦးမောင်စောဝင်း (၃၁) နှစ်၊ ဦးသန်းနိုင် (၄၀) နှစ်နှင့် ကိုစိုးမိုးကျော် (၂၀) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

၎င်းကူတောင်ရွာသား ၃ ဦးအား  ဖမ်းဆီးထားသော နေရာမှ သေနတ်သံများထွက်ပေါ်လာဖြင့် စိုးရိမ်ရကြောင်း သတင်းများထွက်နေသည့် အပေါ် မေးမြန်းရာ တစ်စုံတစ်ရာ ပြသနာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ ကျွန်တော်တို့ ကူတောင်မှာ ဘာမှ ပြသနာ ဖြစ်ပွားခဲ့တာမရှိပါ။ တစ်ခြားရွာတွေတော့ မပြောတတ်ဘူး။ ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်တာတွေရှိတယ်လို့ လည်း ဆရာတော်တွေက ကျွန်တော်ကို ပြောတာမရှိပါဘူး။ ဘုန်းကြီးကျောင်းမှာတော့ ဝင်ရောက်ထမင်းချက်စားသွားတာတော့ ရှိပါတယ်” ဟု ပြောသည်။

၎င်းစစ်ကြောင်းမှာ ယမန်နေ့က ရောက်ရှိလာပြီး ယခုအခါ ကူတောင်ရွာမှ ထွက်ခွာသွားပြီဟု ၎င်းက ပြောကြားသည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.