Preview

ဘူးသီးတောင်တွင် ကျောင်းဆရာတစ်ဦးအားမသင်္ကာမှုဖြင့် စစ်တပ်ကဖမ်းဆီးခေါ်ဆောင်

သြဂုတ် ၀၅/ ၂၀၁၉ | ကြည့်ရှုသူ :10339
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၅/၂၀၁၉

ရခို်င်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျောင်းဆရာတစ်ဦးအား ယနေ့နံနက်ပိုင်းက စာပြပြီး အပြန်လမ်းတွင် စစ်တပ်က မသင်္ကာဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

အဆိုပါ စစ်တပ်မှ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကျောင်းဆရာမှာ ရသေ့တောင်မြို့နယ် မညှင်းတောင် ကျေးရွာမှ နေဇော်လင်း (၂၇)နှစ်ဖြစ်ပြီး  ကြာညိုပြင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၃နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း ပညာရေးဌာန၏ သတင်းအရ သိ၇သည်။

ယနေ့ သြဂုတ်လ ၅ ရက် နံနက် ၉နာရီခန့်က သရက်ပြင်ကျေးရွာမှ ကျူရှင်ပြပြီး ကြာညိုပြင်ရွာသို့ အပြန် လမ်းတွင် ၅၅၁ တပ်ရင်းမှ သရက်ပြင်တံတားအနီးမှ မသင်္ကာဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည် ဟု လက်ထောက်မြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းဝင်းက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“အဲ့ဒီကလေးက ကြာညိုပြင်ရွာမှာနေတာ။ သရက်ပြင်ကျေးရွာမှာ ကျူရှင်ပြပြီးကြာညိုပြင်ကို အပြန်လမ်းမှာ စစ်ကြောင်းနဲ့တွေ့လို့ မသင်္ကာလို့ဆိုပြီး ဖမ်းသွားတာ။ ကျနော်တို့ကလည်း ကျနော်တို့ဝန်ထမ်းပါဆိုပြီးတော့ ထိန်းသိမ်းထားတဲ့ 2IC ကို ကျနော်တို့သွားပြီးတော့တွေ့တယ်။ တွေ့ပြီးတော့ တွေ့တဲ့အခါကျတော့ ဟုတ်ပါတယ်တဲ့ ဒီကျောင်းဆရာက သရက်ပြင်ရွာကအပြန် မသင်္ကာစရာတခုခု လုပ်လိုက်တယ်တယ်။ အဲ့ဒီအတွက်စစ်ဆေးဖို့ခေါ်ထားတာဖြစ်ပါတယ်တဲ့။ ပြန်လွှတ်ပေးပါမယ်လို့ပြောပါတယ်။” ဦးသိန်းထွန်းဝင်းက ပြောသည်။

မည်သည့် မသင်္ကာစရာတခုခုအား လုပ်လိုက်သည်ကို အကျယ်တဝင့်မပြောလိုကြောင်း၊ ဖုန်းထဲတွင် မသင်္ကာစရာတွေ့ရှိ၍ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ပြောသည်ဟု လက်ထောက်မြို့နယ်ပညာရေးမှူးက ပြောသည်။

“ ကျနော်တို့ကလည်း ကျနော်တို့ဌာနအနေနဲ့ ကျနော်တို့ ဝန်ထမ်းဖြစ်ကြောင်းပေါ့နော်။ ကျနော်တို့က ဒီကိစ္စကို ပြည်နယ်ပညာရေးမှူးကို လှမ်းပြီးတော့ သတင်းပို့တယ်။နောက်ပြီးတော့ ခရိုင်မှူးကိုပို့ထားပါတယ်။ ခရိုင်ကနေပြီး ပြည်နယ်ကိုလှမ်းပို့ ပို့ပြီးတော့ အဆက်အသွယ် လုပ်ဖို့ အစီစဉ်ရှိတယ်ပေါ့။ ကျနော်တို့ကတော့ ကျနော်တို့ဝန်ထမ်းဖြစ်ကြောင်းပေါ့နော် ကျနော်တို့က ထောက်ခံပေးလို့ရတယ်။ တခြားကိစ္စ လုပ်ရပ်တွေကိုကျတော့ ကျနော်တို့ကထောက်ခံလို့မရဘူး” ဟု ဦးသိန်းထွန်းဝင်းက ပြောသည်။

ကျောင်းဆရာတစ်ဦးအားမသင်္ကာဟုဆိုကာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားခြင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိလို သဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ၄င်းအနေဖြင့် မအားသေး၍ ညနေ ၅နာရီမှ ပြန်ဆက်ပါဟု ပြန်လည် ဖြေကြားသွားသည်။


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.