Preview

မင်းပြား ရာမောင်တံတားအနီး တိုက်ပွဲ ဖြစ်ပွားနေ

သြဂုတ် ၁၄/ ၂၀၁၉ | ကြည့်ရှုသူ :6501
ရခိုင် သတင်း

နိရဥ္စရာ၊ သြဂုတ် ၁၄/ ၂၀၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးရှိ နရန်းလမ်းဆုံတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

၎င်းနေရာမှာ မင်းပြားမြို့မှ လေးမိုင် ငါးမိုင်ခန့်အကွာ ရာမောင်တံတားအနီး နရန်းလမ်းဆုံဖြစ်ကြောင်း၊  ၎င်းနေရာမှာ မြောက်ဦး၊ မင်းပြားနှင့် ရန်ကုန်ဘက်သို့ အသွား ရာမောင်တံတားအနီးရှိ လူသွားလူလာများသည့် လမ်းဆုံဖြစ်ကြောင်း သိ၇သည်။

“ တိုက်ပွဲက ပြင်းပါတယ်။ ၁၂ နာရီကျော် လောက်က ဖြစ်တယ်ထင်ပါတယ်။ အခု ထက်ထိ လက်နက်သံတွေကို ကြားနေ၇တုန်းပါဘဲ” ဟု ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ဆက်သွယ် ပြောကြားသည်။

အနီးအနားရှိ ဒေသခံများမှာ ကြောက်လန့်ပြီး အိမ်ထဲတွင် ပုန်းအောင်းနေကြသည်ဟု ပြောသည်။

တစ်ခြားဒေသခံ တစ်ဦးက “ အခြေအနေ ဘယ်လို ဖြစ်နေတယ်ဆိုတာ မသိရဘူး။ သေနတ်သံတွေက ဆက်တိုက်ကြားနေ၇တုန်းပါ” ဟု ပြောကြားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.