Preview

မောင်တော ဗောဓိကုန်းအနီးမိုင်းပေါက်၊ လူ၂ဦးဖမ်းဆီးခံရ၊ ဗောဓိကုန်းရွာကိုဝင်စစ်

သြဂုတ် ၁၇/ ၂၀၁၉ | ကြည့်ရှုသူ :10420
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁၇/ ၂၀၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေရင်အေးရွာနှင့် ဗောဓိကုန်းအကြားတွင် ယမန်နေ့က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် လူနှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ၎င်းပြင် ယနေ့တွင် ဗောဓိကုန်းရွာကို ဝင်ရောက်စစ်ဆေးကြောင်း သတင်းရရှိသည်။

ဗောဓိကုန်းရွာသားတစ်ဦးက “ ဒီကနေ့နံနက်က လ၀ကနဲ့ နယ်ခြားစောင့်ကနေ ကျွန်တော် ဗောဓိကုန်းရွာရဲ့ မိသားစု စာရင်းတွေကို စစ်ဆေးပါတယ်။ နေ့လယ် ၁၂ နာရီလောက်က ပြီးဆုံးသွားပါတယ်။ ဖမ်းတာဆီးတာတို့ တစ်စုံတစ်ရာမရှိပါ” ဟု ပြောကြားသည်။

သြဂုတ် ၁၆ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ရွှေရင်အေးနှင့် ဗောဓိကုန်းကြားတွင် မိုင်းပေါက်ကွဲ ခဲ့ပြီးနောက် ယနေ့တွင် ထိုသို့ အိမ်ထောင်စာရင်း၊ လူစာရင်းများကို စစ်ဆေးခြင်း ဖြစ်သည်ဟု သိရသည်။

မနေ့က ပေါက်ကွဲခဲ့သည့် မိုင်းဗုံးနှင့် ပတ်သက်ပြီး ရွှေရင်အေး ကျေးရွာသား တစ်ဦးက " မနေ့က ဗုံးပေါက်ကွဲပြီးနောက်  အဖမ်းခံ၇တဲ့သူတွေက ကံပြင်သာစည်က လူငယ် ၂ ဦး ဖြစ်ပါတယ်။ သုံးဦးမှာ တစ်ယောက်ကို စစ်ဆေးပြီး ပြန်လွှတ်လိုက်ပါတယ်။ ဗုံးပေါက်တဲ့ အချိန်မှာ နွားကျောင်းနေတဲ့ လူတွေ ဖြစ်ကြပါတယ်။ နှစ်ယောက်ကိုတော့ရဲကားနဲ့ မောင်တောကို ခေါ်သွား ပါတယ်” ဟု ပြောသည်။ 

၎င်းပြင်သူက “ မိုင်းပေါက်တာက ကျနော်တို့ ရွာအနီးမှာ ဖြစ်ပါတယ်။ ရဲစခန်း ဘေးနားမှာ ကျပါတယ်။
မွန်းလွဲ ၂ နာရီကျော် လောက်က ပေါက်တာပါ။ အထိအခိုက်မရှိလို့တော့ ကြားရပါတယ်။ ကျွန်တော်တို့လည်း ကိုယ်တိုင် သွားမကြည့်နိုင်တဲ့ အတွက် အတိအကျတော့ မသိပါ” ဟု ပြောကြားသည်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကလည်း မိုင်းပေါက်ကွဲအမှု ဖြစ်ပွားခြင်းကို အတည်ပြု ပြောကြားသည်။

“ ကျွန်တော် သတင်းရပါတယ်။ ရွာသားတွေက ဖုန်းဆက်ပြီး ပြောပါတယ်။ ရွှေရင်အေးအနီးမှာလို့ သိ၇ပါတယ်။ မွန်းလွဲ ၂ နာရီလောက်မှ ဖြစ်တယ်။ ဟိုတစ်လောက ရွှေရင်အေး လမ်းဆုံမှာ ပေါက်တဲ့ ဗုံးမျိုးလို့တော့ သိရပါတယ်။ ခြုံတောတွေရှင်းပါသွားတယ်လို့တော့ ပြေတာပါဘဲ” ဟု ပြောကြားသည်။

နောက်ဆုံးရရှိသော သတင်းအရ ယနေ့ နံနက်တွင် ဗောဓိကုန်းရွာသို့ လ၀ကနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အိမ်ထောင်စု စာရင်းများကို စစ်ဆေးပြီးနောက် ဒုချရားတန်း အုပ်စုရှိ ခရေမြိုင်ကိုလည်း ဝင်ရောက်စစ်ဆေးမည်ဟု သိ၇သည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.