Preview

ဗိုလ်မှူးကြီးမင်းသန်းအား ရခိုင်နယ်လုံဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း သမ္မတရုံးကြေညာ

သြဂုတ် ၁၇/ ၂၀၁၉ | ကြည့်ရှုသူ :7812
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၊ ၁၇/ ၂၀၁၉

ရခိုင်ပြည်နယ်၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် တပ်မတော် (ကြည်း) မှ ဗိုလ်မှူးကြီးမင်းသန်းအား ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၉ ခုနှစ် သြဂုတ် ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာသည်။

တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်  ဗိုလ်မှူးကြီးဖုန်းတင့်အား စစ်ဖက် မူလတာဝန်ကိုပြန်လည် ထမ်းဆောင်စေပြီး ဗိုလ်မှူးကြီးမင်းသန်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတမှ အမိန့်အမှတ် ၃၈/ ၂၀၁၉ ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

၇ခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ဒီလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဗိုလ်မှူးကြီးမင်းသန်းကို ကန့်ကွက်သူမရှိတဲ့ အတွက် နယ်လုံဝန်ကြီးအဖြစ် မနေ့က လွှတ်တော်က အတည်ပြုခဲ့ပါတာ ဖြစ်ပါတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်နယ်မှာ စိန်ခေါ်မှုများသည့် ပြည်နယ်တစ်ခုဖြစ်သဖြင့် တာဝန်ထမ်းဆောင်ရန် အခက်အခဲရှိနိုင်ပါသလားဟု နယ်လုံဝန်ကြီးသစ် ဗိုလ်မှူးကြီးမင်းသန်းအား သတင်းထောက်များက မေးမြန်းရာ သူက  “ကျွန်တော်က ငယ်ငယ်တည်းက ဒီတာဝန်တွေကို ထမ်းဆောင် လာတာ။ ကျွန်တော်ကတပ်မတော်မှာလည်း နှစ် ၃၀ရှိပြီ၊၂၀၁၆-၂၀၁ရမှာလည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လုပ်ဖူးတယ်။ နိုင်ငံရေး အသိုင်းဝန်းနဲ့လည်း နီးစပ်မူရှိတယ်၊ နိုင်ငံခြားအတွေ့အကြုံတွေလည်း ရှိတဲ့အတွက်  ကျွန်တော် ဒီတာဝန်ယူနိုင်ပါတယ်” ဟု  ပြောကြားထားသည်။

ဗိုလ်မှူးကြီးမင်းသန်းသည် ၇ခိုင်+ဗမာ/ဗုဒ္ဓ တစ်ဦးဖြစ်ပြီး ၂၅-၁- ၁၉၇၀ ခုနှစ်မွေးဖွားသူဖြစ်သည်။ မွေးရာဇာတိမှာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမှ ဖြစ်ပြီး အ.မ.က(၁)ရန်ကင်း၊ အ.လ.က(၁) ရန်ကင်း၊ အ.ထ.က(၂)ရန်ကင်းတို့တွင် အခြေခံပညာ သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ) တို့မှ ရရှိထားသူဖြစ်ကြောင်း သိရသည်။

၎င်းသည် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။  ဗိုလ်မှူးကြီးမင်းသန်းသည် စစ်မှုထမ်းအဖြစ် ခမ၇(၁၁၉)၊ ခလ၇(၂ရရ)၊ စတသ၊ ခလ၇(၂၅၃)၊ တခရ(ဗထူး)၊ ကကထောက်၊ ခမ၇(၅၉၈)၊ ခလ၇(၈၀)၊ စ၇ခ၊ တမခ(၁၀၁)တို့တွင် တာဝန်အသီးသီး ထမ်းဆောင်ခဲ့ကြောင်း သိရှိ၇သည်။

#လွှတ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.