Preview

စစ်တွေမြို့နယ်ရှိ မူဆလင်ဒုက္ခသည်စခန်းများတွင်အိဒ်ပွဲတော်အတွင်း နွားကောင်ရေ အများအပြားလက်ခံမည့်သူမရှိ၍ မြေမြုပ်ခဲ့ရ

သြဂုတ် ၁၈/ ၂၀၁၉ | ကြည့်ရှုသူ :9584
ရခိုင် သတင်း

ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၁၈/ ၂၀၁၉

မူစလင်ဘာသာဝင်များ၏ ကုရဘာနီအိဒ်ပွဲတော်အတွင်း စစ်တွေမြို့နယ်ရှိ မူဆလင် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ ကူညီပေးသည့် အကူအညီများမှာ အလေအလွှင့်များပြီး အထူးသဖြင့် အလှူလုပ်သည့် နွားကောင်ရေအများအပြားကို လက်ခံမယ့်သူ မရှိသဖြင့် မြေမြုပ်ပစ်ခဲ့ရသည်ဟု စခန်းတွင်းမှ ခေါင်းဆောင်အချို့က နိရဥ္စရာသို့ ဖုန်းဆက်ပြောဆိုသည်။

သို့အတွက် ၎င်းကိစ္စအပေါ် ပြည်နယ်အစိုးရမှ ထိထိရောက်ရောက် စိစစ် အရေးယူပေးစေလိုသည်ဟု ပြောဆိုသည်။

မူဆလင် ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးကျော်ဝင်းက “ အဓိကတော့ နွားတွေပေါ့။ ဒီနွားတွေကို ဝယ်ဖို့ မလေးရှားတို့၊ အင်ဒိုနီးရှား အန်ဂျီအိုတွေ အပါအဝင် တစ်ခြား နိုင်ငံခြား အန်ဂျီအိုတွေက နွားတစ်ကောင်ဖိုး ကျပ် ၆ သိန်းကနေ ၁၀ သိန်း ပေးပါတယ်။ ဒါကို အန်ဂျီအိုနဲ့ လုပ်ကိုင်သူတွေက သုံးသိန်းတန်၊ လေးသိန်းတန် ရောဂါဖြစ်နေတဲ့ နွားတွေ၊ ပိန်လိန်နေတဲ့ နွားတွေကို ဝယ်လာ ပါတယ်။ ပီးရင် နွားတွေကို သူတို့ကဘဲ ပူဇော်သတ်ဖြတ်ပြီး ယူလာတဲ့ အတွက် ကျွန်တော်တို့ ဒုက္ခသည်တွေက လက်မခံတဲ့ အတွက် နွားတွေကို မြေကြီးထဲမှာ မြုပ်လိုက်ရပါတယ်။ တစ်ကောင်မှ လက်မခံဘူး။ ကောင်ရေ ရာကျော်တယ်” ဟု  ပြောကြားသည်။

နောက်ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးမောင်မောင်က “ ဒီနွားတွေကို ဒုက္ခသည်တွေနဲ့ မူဆလင်ရွာသားတွေကို လှူတာပါ။ ကျွန်တော်တို့ ဘုမေအုပ်စု ဒါးပိုင်မှာလည်း သူတို့ယူလာသော နွားတွေကို ဒုက္ခသည်တွေက စိတ်တိုင်းမကျ ဖြစ်တဲ့ အတွက် လက်ခံမယ့်သူမရှိတဲ့ အတွက် မြေမြုပ်ပစ်ခဲ့ရပါတယ်။ ဒါတွေကို နိုင်ငံတော် အစိုးရနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က စိစစ်ပြီး ဒါမျိုးနောက်နောင် မဖြစ်၇အောင် စီစဉ်ပေးစေလိုပါတယ်” ဟု ပြောကြားသည်။

ယခုကဲ့သို့ ပြသနာ ဖြစ်ခဲ့ရသော ဒုက္ခသည်စခန်း နေရာများမှာ ဒါးပိုင်၊ သဲချောင်း၊ ဘောဒူ၀၊ သက်ကယ်ပြင်၊ ဆေးသမားတို့ပါဝင်ကြောင်း၊ ယခုနှစ်တွင် ချမ်းသာသောသူများသာ အိဒ်ပွဲ အလှူလုပ်နိုင်ပြီး ဆင်းရဲသားများအနေဖြင့် အလှူမလုပ်နိုင်ခဲ့ဟု ၎င်းတို့က ပြောကြားသည်။ 

နိရဥ္စရာသတင်းဌာနအနေဖြင့် အန်ဂျီအိုများထံမှ နွားများကို လက်ခံရယူပြီး မူဆလင် ဒုက္ခသည်များနှင့် အရပ်သားများထံ ဖြန့်ဖြူသူ တာဝန်ရှိများနှင့် ဖုန်းဆက်သွယ် မရရှိသဖြင့် ၎င်းစွပ်စွဲချက်များ အပေါ် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

(ဓာတ်ပုံ- မူဆလင်ဒုက္ခသည်စခန်းများတွင် ဒုက္ခည်များလက်မခံသည့် နွားများကို တွေ့၇စဉ်)

#ဒုက္ခသည်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.