Preview

စစ်တွေရွှေဆိုင်များတွင် ဝယ်သူထက် ရောင်းသူ၊ ပေါင်နှံသူပိုများလာ

သြဂုတ် ၁၈/ ၂၀၁၉ | ကြည့်ရှုသူ :1259
ရခိုင် သတင်း

ချစ်အိလှိုင် (စစ်တွေ)
နိရဥ္စရာ၊ သြဂုတ်- ၁၇/၂၀၁၉

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရွှေဆိုင်များတွင် ရွှေဝယ်သူထက် ရွှေရောင်းချသူ၊ ပေါင်နှံသူသာ ပိုများလာသည်ဟု ရွှေဈေးကွက် သတင်းအရ သိရသည်။

စစ်တွေမြို့ပေါ်ရှိ ရွှေဆိုင်များတွင် အရင်နှစ်များထက် ရွှေအရောင်းအဝယ်နည်းပါးလာပြီး  ၂၀၁၉ ခုနစ်အတွင်း ရွှေလာရောက်ဝယ်ယူသူ အလွန်နည်းပါးကြောင်း၊ ပြန်လည်ရောင်းချသူနှင့် ပေါင်နှံသူသာများလာကြောင်း စိတ်တိုင်းကျ ရွှေဆိုင်မှ ဦးထွန်းအောင်ကျော်က ပြောသည်။

" တစ်ခါတစ်လေ ဈေးဦးပေါက်ဖို့စောင့်ရတာ မလွယ်ဘူး။ ဝယ်ယူသူထက် လာရောင်းသူက သိသိသာသာပိုများလာတယ်။ မြို့ပေါ်လူတွေတောင် ရောင်းဖို့ ပေါင်ဖို့ လာကြတာများတယ်။ အဝယ်လည်း မရှိတာတော့မဟုတ်ဘူး။ ရှိတော့ ရှိတယ်။ ဒါပေမယ့် ခါတိုင်းနှစ်တွေထက် နည်းလာတာပါ" ဟု ဦးထွန်းအောင်ကျော်ကပြောသည်။

ရွှေဈေးအတက်အကျထက် စီးပွားရေးအတက်အကျပေါ်မူတည်ပြီး ရွှေရောင်းရအားကောင်းခြင်း ဖြစ်ကြောင်း၊ လက်ရှိ စစ်ရေးအခြေနေများကြောင့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် နယ်ဘက်မှ  ဖောက်သယ်များ အသွားအလာ နည်းပါးသဖြင့် စစ်တွေရွှေဈေးကွက် ရောင်းအားကျဆင်းနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးပြီး  စီးပွားရေး အကျပ်တည်းများနှင့် ရင်ဆိုင် နေကြရခြင်း တို့ကြောင့် မိသားစုများ စားဝတ်နေရေးခက်ခဲလာရာမှ ရွှေလာရောက်ပေါင်နှံသူ များပြားလာခြင်း ဖြစ်ကြောင်း ကိုယ်တိုင် ရွှေပေါင်နှံရန် ရောက်နေသူ စစ်တွေမြို့မှ ဒေါ်အေးစိန်လှက ပြောသည်။

" စာဝတ်နေရေး အတော်ကြပ်တည်းလာတယ်။ အခုလည်း ပစ္စည်းလာပေါင်တာ။ရောင်းရ ပေါင်ရတာများလာတယ်။ အိမ်အသုံးစရိတ်ကများလာပြီး စီးပွားရေးကကျပ်တည်းလာတော့ ပေါင်ရ ရောင်းကြ၇တာပါဘဲ"ဟု သူမက ပြောသည်။

ယခု ရခိုင်ပြည်နယ်တွင် ရွှေရောင်းအား ကျဆင်းနေခြင်းမှာ ရခိုင် ရွှေပန်းထိမ်လုပ်ငန်းနှင့် အသက်မွေး ဝမ်းကျောင်းပြုသူများအား အခက်အခဲဖြစ်စေသည့်အတွက် နိုင်ငံရေး၊ စစ်ရေး အခြေအနေများ ပြန်ကောင်း လာရန် မျှော်လင့်ကြောင်း၊  ရွှေပန်းထိမ် လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်သိန်း(အောင်မင်္ဂလာရွှေဆိုင်)မှပြောသည်။

ယနေ့ စစ်တွေ ရွှေဈေးပေါက်ဈေးမှာ အခေါက်ရွှေတစ်ကျပ်ကို တစ်ဆယ့်နှစ်သိန်း လေးသောင်းရှိပြီး ၂၀၁၈ခုနှစ်က ကျပ်ကိုးသိန်းခုနှစ်သောင်းကျပ်ရှိကြောင်း သိရသည်။

စစ်တွေ ရွှေဈေးအား ရန်ကုန်မြို့ ရွှေစင်ရတနာ ရွှေဆိုင်မှ ဈေးနှုန်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ဖြစ်ကြောင်း သိ၇သည်။


#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.