Preview

စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၃၀ကိုစစ်တွေတွင်ဆက်လက်ပညာသင်ကြားနိုင်ရန် စီစဉ်

သြဂုတ် ၁၈/ ၂၀၁၉ | ကြည့်ရှုသူ :4960
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ ၊ သြဂုတ် ၁၈/၂၀၁၉

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ ပညာသင်ကြားရန် အခက်အခဲဖြစ်နေသည့် ကျောင်းသား ကျောင်းသူ ၃၀ ကို စစ်တွေမြို့တွင် ပညာဆက်လက် သင်ကြားခွင့်ရရှိနိုင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။

၎င်းကျောင်းသားများမှာ  မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ အကြား ဖြစ်ပွားနေသော စစ်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ ကျောက်တော် ၊ မင်းပြား စသည့်မြို့နယ်များရှိ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ(AASC) မှ ဦးဝိုင်းမောင်က  “ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ် ၊ ကျောက်တော်မြို့နယ် ၊ မင်းပြားမြို့နယ် စတဲ့ စစ်ဘေးရှောင်စခန်းက ၈တန်း ၊ ၉တန်း ၊ ၁၀တန်း ကျောင်းသား ၊ ကျောင်းသူ (၃၀)ရောက်ရှိလာပါတယ်။ ကျောင်းသားက (၂၁)ယောက်နဲ့ ကျောင်းသူက(၉)ယောက်ပါ။ ကျောင်းသားတွေကိုတော့ ရွှေစေတီကျောင်းမှာ ထားတယ်၊ ကျောင်းသူတွေကိုတော့ ရခိုင် တစ်မျိုးသားလုံးကော်မတီဝင် ဒေါ်လှနုစိန်အိ်မ်မှာ ထားပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

စစ်ဘေးရှောင်ခန်းမှ ပညာသင်ကြားခွင့်မရသော ကျောင်းသား ၊ ကျောင်းသူများကို ဇွန်လမှ စ၍ သံတွဲမြို့တွင် ပညာသင်ကြားပေးလျှက်ရှိနေပြီး  ယခု ကျောင်းသား ကျောင်းသူများကို မူ သံတွဲကျောင်းတွင် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်သွားမည်ကို စိုးရိမ်၍ စစ်တွေမြို့တွင် ပညာသင်ကြားနိုင်ရန် စီစဉ်ပေးသွားမည်ဟု ရခိုင်တစ်လုံးသားလုံး ညီညွတ်စေရန် ရည်ရွယ်သည်ဟု ဦးဝိုင်းမောင်က ဆက်ပြောသည်။

“ရခိုင်ပြည်နယ်တွင် ပညာတတ်များပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပါတယ်။ ဇွန်လ၁ရက်နေ့ ကျောင်းဖွင့်လို့အပြီး ပညာသင်ကြားခွင့် မရတဲ့ စစ်ဘေးရှောင် စခန်းမှ ကျောင်းသား ၊ ကျောင်းသူတွေကို ပညာသင်ကြားနိုင်ရေး အတွက် သံတွဲခရိုင်မှာ ပါတဲ့ တောင်ကုတ် မြို့နယ် ၊ ဂွမြို့နယ်မှာရှိတဲ့ ကော်မတီတွေနဲ့ ပူးပေါင်းဆွေးနွေးလို့ သံတွဲမှာထားရန်စီခဲ့တယ်။ ဒါက တောင်ပိုင်း မြောက်ပိုင်း ခွဲခြားမှုမရှိဘဲ  ကူညီပေးခြင်းနဲ့  ရခိုင်ပြည်နယ်မှာ ပညာတတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု  ပြောသည်။
 
စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှ ပညာသင်ကြားရန်အတွက်လာရောက်သော မြောက်ဦး မြို့နယ် လက္ကာကျေးရွာမှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုဦးဝင်းနိုင် “ ကျနော် ကျောင်းအရမ်း တက်ချင်ပါတယ် ၊ စာကိုလည်းကြိုးစာချင်တယ်။ ဒါပေမဲ့ ရွာနားမှာ စစ်ပွဲတွေ ဖြစ်နေတော့ ကျောင်းဆရာ ၊ ဆရာမ တွေလည်းမရှိတော့ဘူး။ ကျောင်းလည်း မဖွင့်တော့ဘူး။ ကျနော်တို့လည်း မြောက်ဦးမြို့က စစ်ဘေးရှောင်စခန်းမှာပဲ နေခဲ့ရတယ် ”ဟု နိရဥ္စရာသတင်းဌာနသည်။
 
တိုက်ပွဲများဖြစ်ပွားမှုကြောင့်နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းမှ ပညာသင်ကြားရန် ရောက်ရှိ လာသည့်  ကျောင်းသား ၊ ကျောင်းသူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် အလှူငွေများလည်း လိုအပ်သည်ဟု ရခိုင်တမျိုးသားလုံး ညီညွတ်ရေးကော်မတီ(AASC) အဖွဲ့ဝင်များကပြောသည်။
 
အလှူဝင်ငွေများ လှူဒါန်းလိုပါက  -ဦးမောင်ညွန့်စိန် (ဖုန်း ၀၉၂၆၂၂၅၂၀၃၃) ၊  ဦးမောင်သာစိန်( ဖုန်း- ၀၉၂၅၀၁၂၄၅၁၈) ၊  ဒေါ်လှနုစိန် (ဖုန်း- ၀၉၂၅၁၁၁၁၁၉၃) တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရှိ၇သည်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.